သင်ရဲ့မှတ်ဉာဏ်စွမ်းရည်နဲ့ပတ်သတ်ပြီး သံသယဖြစ်နေပြီလား။ အကြောင်းအရာတစ်ခုခုကို အစဖော်မရအောင်မေ့လျော့နေတာမျိုး ၊ အရေကြီးတဲ့ ကိန်းဂဏန်းတွေ နံပါတ်တွေကို မှတ်ရခက်တာမျိုးစသည်ဖြင့် မှတ်ဉာဏ်စွမ်းရည်နဲ့ ပတ်သတ်ပြီး အားမလိုအားမရဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်တွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Source : Vecteezy
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက မှတ်ဉာဏ်စွမ်းရည်တိုးတက်စေဖို့ အထောက်အကူပြုပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့အတွက် သင့်အနေနဲ့ ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး။ တစ်ရက်ကို နာရီဝက်လောက်အချိန်ပေးပြီး လမ်းလျောက်တာ စက်ဘီးနင်းတာ ခပ်ရွရွပြေးတာ ယောဂ ကစားတာ စသည်ဖြင့် လုပ်ဆောင်နိုင်ပါတယ်။
(၂) ကောင်းစွာအိပ်စက်ပါ

Source : Dreamstime
လေ့လာမှုတွေအရ အိပ်ချိန်ပြည့်ဝစွာမရသူတွေဟာ ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်လျော့ကျမှုတွေ ကြုံတွေ့ရလေ့ရှိကြပါတယ်။ တစ်နေ့တာရုန်းကန်လှုပ်ရှားပြီးတဲ့နောက်မှာ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အိပ်စက်ခြင်းဖြင့် အနားယူပေးကြရပါတယ်။ ညအချိန်ပြည့်ဝတဲ့ အိပ်စက်အနားယူချိန်ရှိမှလည်း လန်းဆန်းတက်ကြွပြီး မှတ်ဉာဏ်စွမ်းအားပိုမို ထက်မြက်လာစေမှာပါ။ ဒါကြောင့် တစ်ရက်ကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်အနားယူဖို့လိုပါတယ်။
(၃) အစာအာဟာရပြည့်ဝစွာစားသုံးပါ

Source : Freepik
အာဟာရပြည့်ဝတဲ့ အစာအစားတွေကလည်း ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်အတွက် များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ငါး ၊ ဘယ်လူးဘယ်ရီ ၊ ပန်းပွင့်စိမ်း ၊ အမဲရောင်ချောကလက် ၊ အစေ့အဆံများ ၊ ကြက်ဥ ၊ လက်ဖက်စိမ်း ၊ ဖရုံစေ့ စတဲ့အစားအစာတွေကို များများစားပေးဖို့လိုအပ်ပါတယ်။ ဒီအစားအစာတွေက ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ပိုကောင်းလာစေဖို့ ကူညီပေးနိုင်တဲ့ ဓာတ်စာတွေပဲဖြစ်ပါတယ်။
(၄) ဘာပဲလုပ်လုပ်အပြည့်အဝအာရုံစိုက်ပါ

Source : New York Post
လုပ်ငန်းခွင်ကနေ အိမ်မှုကိစ္စအဆုံး တစ်နေ့တာမှာ သင်ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အရာတစ်ခုကို ကောင်းစွာအာရုံစိုက်ထားဖို့ကို အမြဲသတိပြုနေသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်လုပ်တဲ့အရာပေါ်အာရုံမစိုက်ပဲ အတွေးတွေပြန့်လွင့်နေတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါတိုင်း သင့်စိတ်ကိုပြန်လည်စုစည်းပြီး ကိုယ်လုပ်နေတဲ့အရာပေါ်အာရုံပြန်စိုက်ပါ။ ဒါဟာ ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်တိုးတက်စေဖို့အတွက်အလေ့အကျင့်ကောင်း တစ်ခုဖြစ်ပါတယ်။
