တစ်ရက်ကုန်သွားတိုင်း ကျွန်တော်တို့ရဲ့ ရှင်သန်မှုဟာ အကောင်းဘက်က တိုးတက်လာသလားဆိုတာ ဆန်းစစ်တဲ့အကျင့်လေးတွေ လုပ်ပေးသင့်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝအဓိပ္ပါယ်လို့ ခေါ်တဲ့ ပျော်ရွှင်မှု ၊ ဘဝရဲ့ အရည်အသွေးနဲ့ တိုးတက်မြင့်မားမှုဆိုတာ တစ်ရက်ချင်းစီ ၊ တစ်ချက်ချင်းစီ ပြုပြင်ယူရမယ့်အရာတွေ ဖြစ်ပါတယ်။ တကယ် တိုးတက်ချင်တဲ့ လူဆိုတာ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ပြင်ယူနေရတာ ဖြစ်လို့ အခုတစ်ခေါက်မှာလည်း တိုးတက်အောင်မြင်ချင်တဲ့ ယောင်္ကျားတွေအတွက် ပြင်ရမယ့်အချက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြောက်စိတ်ကိုသိပါ။ လွှတ်ချထားပါ

Serene black man resting in park and listening to music

Photo: Freepik

အကြောက်တရားကင်းတဲ့သူဆိုတာ မရှိပါဘူး။ ကြောက်စိတ်ကို ကောင်းကောင်း အသုံးချတတ်ဖို့ပဲ လိုပါတယ်။ ကိုယ်ကြောက်တဲ့ အရာ ကိုယ်သိပါ။ ဘာကြောင့် အဲ့သလို ဖြစ်နေတာလဲဆိုတာ သိအောင် လုပ်ပါ။ ပြီး ရင် ကြောက်စိတ်ကို လွှတ်ချပြီး ရှေ့ဆက်နိုင်ဖို့ နည်းလမ်းရှာပါ။

(၂) Perfect ဖြစ်ချင်တဲ့ စိတ်ဖျောက်ပါ

two-happy-men-working-together-new-business-project

Photo: Freepik

ပြစ်မျိုးမှဲ့မထင် လူတစ်ယောက်ဖြစ်ချင်ရင်တော့ စိတ်ကူးယဉ်တာ များသွားပြီလို့ ပြောရမှာပါ။ ကျွန်တော်တို့ အားလုံး အကောင်းဆုံးအားထုတ်မှု လုပ်ဖို့နဲ့ ထိုက်တန်တဲ့ ရလဒ်ကို မျှော်လင့်ဖို့ပဲ ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေကို မပြတ် အဆင့်မြှင့်တင်ဖို့နဲ့ ကိုယ့်ဘဝကို တည့်မတ်အောင် အမြဲစောင့်ကြည့်နေဖို့ပဲ လိုပါတယ်။

(၃) သဘောထားပြောင်းပါ

smiling-satisfied-man-30s-wearing-white-shirt-sitting-table-office-having-business-chat-silver-laptop

Photo: Freepik

လူဆိုတာ ကိုယ့်အတွေးအတိုင်း တကယ်ဖြစ်နေတာပါ။ ကိုယ့်ခေါင်းထဲက စိတ်နေသဘောထား ၊ ယုံကြည်မှုနဲ့ ရပ်တည်ချက်ဆိုတာ ကိုယ့်ရဲ့ ရွေးချယ်ချက်ပါပဲ။ လူတွေကို ကိုယ့်အပေါ် ဘယ်လိုတွေးပါလို့ သွားပြောလို့ မရပါဘူး။ ကိုယ့်ရဲ့ တုံ့ပြန်မှုကိုပဲ ကိုယ်တိုင်ထိန်းချုပ်နိုင်အောင် ကြိုးစားရတာပါ။ လူတွေအပေါ် သိပ်မှီတည်နေတာမျိုး မလုပ်ပါနဲ့။ လူတွေကို မေတ္တာမပြတ်ဆက်ဆံရင်း တစ်ဖက်ကလည်း ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းမြင်စိတ်တွေနဲ့ နေထိုင်တတ်ဖို့ သင်ယူနေပါ။

(၄) မကောင်းမြင်သူတွေနဲ့ မပေါင်းနဲ့

group-friends-jumping-top-hill

Photo: Freepik

ကိုယ်ဘေးမှာ အချိန်အများဆုံးရှိတဲ့သူ ၅ ဦးက ကိုယ့်ရဲ့စရိုက်ဖြစ်လာတယ်ဆိုတဲ့ စကားရှိပါတယ်။ ဒါဆို ကိုယ့်အနားရှိနေတဲ့သူတွေက မကောင်းမြင်စိတ်များတဲ့သူ ၊ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း ဖျက်နေသူ ၊ စိတ်ဒုက္ခပေးနေသူတွေကို Negative People တွေလို့ ခေါ်ပါတယ်။ ဒီလူမျိုး အနားရှိတာဟာ မီးဖိုနား နေရသလို ကိုယ်ပါ ပူလောင်ပါတယ်။ စိတ်ပင်ပန်းရပါတယ်။ တိုးတက်ချင်ရင် Negative သိပ်မြင်တဲ့သူတွေနဲ့ အဆက်ဖြတ်လိုက်ပါ။

(၅) အိပ်မက်တွေနောက် လိုက်ပါ

businessman-walking-towards-light-from-keyhole

Photo: Freepik

ကိုယ့်ဘဝမှာ အမြဲတမ်း လုပ်ချင်ခဲ့တဲ့အရာက ဘာတွေလဲ။ ကိုယ့်ကို တစိုက်မတ်မတ် တကောက်ကောက် လိုက်ဖြစ်အောင် ပုံဖော်ဖို့ တွန်းအားပေးနေတဲ့အရာက ဘယ်အရာတွေလဲ။ ကိုယ့်အကြောက်တရားနဲ့ ရင်ဆိုင်အောင် သတ္တိပေးနေတဲ့အရာက ဘာတွေလဲ။ ပြင်းပြထက်သန်ပြီး စိတ်ထဲက ဖျောက်ပစ်လို့ မရအောင် ဖြစ်နေတဲ့ အိပ်မက်တွေ ရှိနေသလား။ ရှိတယ်ဆိုရင် ဖြစ်အောင် အကောင်အထည်ဖော်ပါ။ အိပ်မက်တွေနောက် လိုက်ဖို့ ဘာကိုမှ ကြောက်မနေပါနဲ့လို့ အကြံပြုချင်ပါတယ်။

(၆) အကျင့်ဆိုးတွေကို အကျင့်ကောင်းတွေနဲ့ အစားထိုးပါ

businessman-walking-towards-light-from-keyhole

Photo: Freepik

တိုးတက်ချင်ရင် ကိုယ့်ရဲ့ အလေ့အထတွေကို ကြည့်ပါ။ နေ့တိုင်း ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ့်ဘဝကို ပုံဖော်နေတာ ဖြစ်ပါတယ်။ မကောင်းတဲ့အကျင့်တွေက တက်လမ်းတွေကို ပိတ်ဆို့တတ်ပြီး ကောင်းတဲ့အကျင့်တွေက တိုးတက်မြင့်မားတဲ့ဘဝကို ရစေပါတယ်။
နေ့တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့အလေ့အထတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်သွားမှသာ အနာဂါတ်ဘဝကောင်းတစ်ခုကို ပုံဖော်နိုင်မှာပါ။

(၇) မပြတ်လေ့လာပါ

top-view-young-redhead-male-student-preparing-university-exam

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက အမြဲတမ်းလေ့လာနေတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် တိုးတက်ချင်တဲ့သူဟာ နေ့စဉ် အပတ်စဉ် ဆိုသလို အသိပညာရမယ့် စာအုပ်တွေ ဖတ်တာ ၊ TED Talks တွေ Podcasts တွေ နားထောင်တာမျိုး အတွက် အချိန်ပေးပါ။
ကိုယ့်ရဲ့ ဗဟုသုတနဲ့ အသိပညာနယ်ပယ်ကို ချဲ့ထွင်နေပါ။ နေ့တိုင်း လေ့လာနေတာဟာ ပညာအပြင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ထက်သန်မှုကို နယ်ချဲ့လိုက်တာပဲ ဖြစ်ပါတယ်။