နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းချင်ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးထဲမှာ စာဖတ်သူတွေအနေနဲ့ ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။
(၁) လေ့ကျင့်ခန်းလုပ်ပါ

Source : Istock
တစ်နေ့ကို နာရီဝက်လောက်အချိန်ပေးပြီးလေ့ကျင့်ခန်းလုပ်ဆောင်ပေးတာက ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တွေ မြှင့်တင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကျန်းမာသန်းစွမ်းစေပြီး စွမ်းအင်တွေတိုးစေရုံသာမက စိတ်ရဲ့ ကျန်းမာခြင်းတွေကို ရရှိစေပါတယ်။ ဒါကြောင့် ပျော်ရွှင်ချင်တယ်ဆိုရင် နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးပါ။
(၂) နေရောင်ခြည်နှင့်ထိတွေ့ပါ

Source : Shutterstock
သဘာဝနေရောင်ခြည်ဟာ ဗီတာမင် D ဓာတ်ကိုထောက်ပံ့ပေးပါတယ်။ ဗီတာမင် D ဓာတ်က ခန္ဓာကိုယ်ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့် မနက်ခင်းအချိန်တွေမှာ သဘာဝနေရောင်ခြည်နှင့် ထိတွေ့မှုရှိစေဖို့ ပြတင်းပေါက်တွေဖွင့်တာ လမ်းလျောက်ထွက်တာမျိုးပြုလုပ်ပေးသင့်ပါတယ်။
(၃) တရားထိုင်ပါ

Source : Verywell Mind
တရားထိုင်ခြင်းက စိတ်တည်ငြိမ်အေးချမ်းခြင်းတွေအတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်း စိုးရိမ်ပူပန်မှုများခြင်း အာရုံစူးစိုက်မှုကျဆင်းခြင်းတွေကို ကာကွယ်ပေးပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးနိုင်ဖို့ဆိုရင် တရားထိုင်ခြင်းကို နေ့စဉ်ပုံမှန်ပြုလုပ်ဖို့လိုအပ်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းပြီး ပျော်ရွှင်မှုကိုရချင်ရင်တော့ တစ်ရက်ကို ၁၅ မိနစ်လောက် တရားထိုင်ပါ။
(၄) အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးပါ

Source : Medical News Today
လေ့လာသူတွေရဲ့ အဆိုအရတော့ ခွေးသို့မဟုတ်ကြောင်ကဲ့သို့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ၁၅ မိနစ်လောက်အချိန်ကုန်ဆုံးတာက serotonin ၊ prolactin ၊ oxytocin ကဲ့သို့ စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဟော်မုန်းများ ထွက်စေပါတယ်။ ဒါတင်မကသေးပါဘူး ခန္ဓာကိုယ်ရဲ့ သွေးပေါင်ချိန်ကိုလည်းကျဆင်းစေပြီး cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းဓာတ်တွေ လျော့နည်းစေကာ ပျော်ရွှင်တဲ့ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။
