ကိုယ်နဲ့ အကြိုက်တူ ဝါသနာတူ မိတ်တွေတွေ ရှာဖို့ဆိုတာ သိပ်တော့ လွယ်လှတယ် မဟုတ်ပါဘူး။ ရည်ရွယ်ချက်တူ ၊ လမ်းကြောင်းတူပြီး ဘဝခံယူချက်တွေပါ တူမျှတဲ့ မိတ်ဆွေတွေ ရဖို့ကတော့ ပိုလို့တောင် ခက်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ Type တူတဲ့ သူတွေကို အလွယ်တကူရှာလို့ ရနိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှလိုက်ပါတယ်။

(၁) လုပ်ငန်းခွင်

Photo: Freepik

ကိုယ်အလုပ်လုပ်နေတဲ့ ရုံး ၊ ကုမ္ပဏီ ၊ အဖွဲ့အစည်းတွေကလည်း ကိုယ်နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေတွေကို ရှာဖို့ အကောင်းဆုံး နေရာဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင်နေရာဆိုတာ သူ့လုပ်ငန်းအလိုက် ဦးတည်ထားတဲ့ ရည်မှန်းချက် တူတဲ့ အဖွဲ့အစည်းတွေ ဖြစ်လို့ ကိုယ်နဲ့ ပညာအရည်အချင်းတွေ ၊ ရည်မှန်းချက်နဲ့ စရိုက်တူတဲ့လူတွေကို ပိုပြီး တစ်စုတစ်စည်းတည်း တွေ့နိုင်ပါတယ်။

(၂) အသင်းအပင်း အဖွဲ့အစည်းတွေ

Photo: Freepik

စိတ်တူဝါသနာတူ စုထားတဲ့ Book Club လို လူမှုရေးအသင်းတွေလို အဖွဲ့အစည်းတွေကလည်း ကိုယ်နဲ့ စရိုက်တူတဲ့ လူတွေ ရှာနိုင်တဲ့ နေရာတစ်ခုပါပဲ။ အပျော်တမ်းအဖွဲ့အစည်းတွေ ၊ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ၊ ပရော်ဖက်ရှင်နယ် အသင်းအပင်းတွေအပြင် အွန်လိုင်းဖိုရမ်နဲ့ LinkedIn / Facebook လို လူ့အဖွဲ့အစည်းတွေကလည်း ကိုယ်နဲ့ Type တူတဲ့ မိတ်ဆွေတွေ တွေ့ရဖို့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

(၃) တွေ့ဆုံပွဲတွေ

Photo: Freepik

အခမ်းအနားပွဲတွေ ၊ လုပ်ငန်းတူ / နယ်ပယ်တူ ကွန်ရက်တွေ ဆုံဆည်းတဲ့ပွဲတွေမှာလည်း အချင်းချင်း မိတ်ဆွေဖွဲ့ကြ ၊ Name Card တွေ လဲကြတဲ့ နေရာဖြစ်ပါတယ်။ အခမ်းအနားပွဲတွေမှာ ပရိသတ်အမျိုးမျိုး လာကြတဲ့ နေရာဖြစ်လို့ ကိုယ်နဲ့ အတွေးအခေါ်တူတဲ့ သူတွေကို ကိုယ့်ဘာသာ အကဲခတ်ပြီး ရှာဖွေရမှာပါ။ တစ်ခါလောက် နှစ်ခါလောက် အဲ့လို Meet-Ups ပွဲတွေမှာ မိတ်ဆွေဖွဲ့ဖူးသွားရင် မခက်တော့ပါဘူး။

(၄) Workshop ပွဲတွေ

Photo: Freepik

ပညာရှင် အသိုင်းအဝိုင်းကဆိုရင် စာတမ်းဖတ်ပွဲနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကလည်း ကိုယ်နဲ့ ရည်မှန်းချက်ချင်း တူမျှတဲ့ အဖော်ကောင်းတွေကို ရှာဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပွဲတက်ဖို့ အခွင့်အလမ်း ရလာရင် မလွတ်တမ်း တက်ဖို့ပဲ အကြံပေးလိုက်ရပါတယ်။