ချစ်သူနှစ်ဦးကြားမှာ ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ပါသလား။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကိုသေချာတည်ဆောက်ထားမယ်ဆိုရင် ဘယ်လိုအရာတွေပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲတွေပဲရှိလာရှိလာ ကြံ့ကြံ့ခံနိုင်ပြီး လက်တွဲတွေမြဲနေစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးကို ခိုင်မာစေဖို့ လုပ်သင့်တဲ့အရာလေးတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) သူ့အတွက်အကောင်းဆုံးလူတစ်ယောက်ဖြစ်ပါစေ

Source : Best Life

လူတိုင်းလူတိုင်းက ကိုယ့်အတွက်အကောင်းဆုံးဘဝလက်တွဲဖော် ချစ်သူရည်းစားကိုပဲ လိုချင်ကြတာပါ။ ကိုယ်ကိုကောင်းတဲ့ လူတစ်ယောက်ကို ဘယ်လောက်ပဲ အခက်အခဲတွေရှိပါစေလက်လွတ်ချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အနေနဲ့သူမကိုစိတ်ချမ်းသာမှုပေးနိုင်သူ ပျော်ရွှင်မှုပေးနိုင်သူတစ်ယောက်အဖြစ်နဲ့ အကောင်းဆုံးချစ်သူကောင်းတစ်ယောက်အဖြစ် ရှိနေပေးဖို့လိုအပ်ပါတယ်။

(၂) ရန်ဖြစ်ပါ အကြာကြီးစိတ်မဆိုးပါနဲ့

Source : Business Insider

ချစ်သူနှစ်ဦးကြားမှာ ရန်ဖြစ်စကားများတဲ့အချိန်တွေဆိုတာရှိကြစမြဲပါ။ တစ်ခါတစ်လေမှာ ရန်ဖြစ်တာက ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်တွေကို ပိုတိုးစေတယ်လို့ လေ့လာသူတွေကဆိုထားပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူကောင်မလေးနဲ့ ရန်ဖြစ်ချင်ဖြစ်လိုက်ပါ။ ဒါပေမယ့် သတိထားရမှာတစ်ခုကအကြာကြီး စိတ်ဆိုးစိတ်ကောက်ဖြစ်နေတာမျိုးမဟုတ်ပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အခြေအနေကသာ ချစ်သူနှစ်ရဲ့ ဆက်ဆံရေးကိုခိုင်မြဲစေမှာပါ။

(၃) တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ပါစေ

Source : Freepik

မိန်းကလေးလိုချင်တဲ့အချစ်က ချစ်သူလိုလည်းဟုတ်တယ် တစ်ခါတစ်လေမှာ အကိုမောင်တစ်ယောက်အနေနဲ့လည်းဟုတ်တယ် တစ်ခါတစ်လေမှာတော့ သူငယ်ချင်းတစ်ယောက်ဆိုလည်းဟုတ်တဲ့ ချစ်သူမျိုးကိုလိုချင်ကြပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူလိုအပ်တဲ့အခါ အကြံဉာဏ်ကောင်းတွေပေးနိုင်သူ သူမကိုနှစ်သိမ့်ဆွေးနွေးပေးနိုင်သူ သူမနဲ့ ရင်ဘက်ချင်းနှီးတဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်တစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

(၄) သူမရဲ့ ဖြစ်တည်မှုကိုလက်ခံပေးပါ

Source : The Independent

မိန်းကလေးနဲ့ ယောကျာ်းလေးကြားမှာ မတူညီမှုတွေများစွာရှိပါတယ်။ ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင်တော့ ဒီလိုမတူညီမှုတွေကို လက်ခံပြီးချစ်ပေးဖို့ နားလည်ပေးဖို့ကလည်းအရေးကြီးကပါတယ်။ သူမရဲ့ ဖြစ်တည်မှုခံယူချက်တွေကို ပြောင်းလဲဖို့တော့မကြိုးစားပါနဲ့။ သူမရဲ့ဖြစ်တည်မှုကိုလက်ခံပြီးချစ်ပေးတာသာ သင့်တို့ ချစ်သူနှစ်ဦးရဲ့ အချစ်ရေးကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။