လူတိုင်းလူတိုင်းဘဝမှာအောင်မြင်ချင်ကြသူတွေချည်းပါ။ဒါပေမယ့် အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့ ရရှိနိုင်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ဇွဲ လုံ့လ ဝီရိယစတဲ့အရာတွေအားလုံးစုပေါင်းပြီးမဆုတ်မနစ်ကြိုးစားမှသာ မျော်မှန်းထားတဲ့အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။မိမိဘဝမှာမျှော်မှန်းထားတဲ့အောင်မြင်မှုရရှိခဲ့ရင်တောင် အောင်မြင်မှုကိုရေရှည်တန့်တည်ဖို့ ဆက် လက်ကြိုးစားရအုန်းမှာပါ။ဒီနေ့မှာတော့ အောင်မြင်မှုကိုရေရှည်တည်တန့်ခိုင်မြဲနေဖို့ဘာတွေလုပ်ဆောင်သင့်လဲဆိုတာအကြံပြုပေးချင်ပါတယ်။

Source : Freepik
အောင်မြင်သွားပြီဆိုရင်တော်တော်များများကဘဝမေ့သွားတက်ကြပါတယ်။ကိုယ်ဖြတ်သန်းလာရတဲ့ ဘဝအခက်အခဲတွေကိုမမေ့လျော့မှသာလျင် မိမိရရှိပိုင်ဆိုင်ထားတဲ့ အောင်မြင်မှုကို လျော့ကျမသွားအောင် သတိပြုဆင်ခြင်မိမှာပါ။ဒါကြောင့်ကိုယ်အနေနဲ့ အောင်မြင်မှုရဖို့ဘယ်လောက်ကြိုးစားခဲ့ရတယ် ဘယ်လိုပေးဆပ်ခဲ့ရတယ်ဆိုတာကို အမြဲပြန်လည်သုံးသပ်သင့်ပါတယ်။
လောကမှာအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နယ်ပယ်အသီးသီးကအောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေအားလုံးရောက်တဲ့နေရာမှာရပ်တန့်မနေကြပါဘူး။အစဉ်မပြတ်ဆက်လက်လေ့လာမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။လေ့လာသင် ယူခြင်းနဲ့အသားကျနေတဲ့သူတွေသာ အားလုံးရှေ့ဆုံးမှာပြေးနေမှာဖြစ်ပြီး အောင်မြင်မှုကိုရေရှည်ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

Source : Freepik
လူတိုင်းမှာကိုယ်ပိုင်အရည်အသွေးတစ်ခုစီတော့ရှိကြပါတယ်။အောင်မြင်တယ်ဆိုရင်နဲ့ ကိုယ့်ရဲ့အရည်အသွေးကိုလျော့ချလိုက်လို့မရပါဘူး။ဥပမာစားသောက်ကုန်တစ်ခုနဲ့နှိုင်းယှဉ်ကြည့်ပါစို့။စာသောက်ကုန်ပစ္စည်းတစ်ခု စစထုတ်ချင်းမှာအရသာအရည်အသွေးအားလုံးပြည့်စုံပေမယ့် လူကြိုက်များလာနဲ့အမျှ ထုတ်ပိုးမှုပုံစံတွေ ကွာလတီတွေလျော့ချလာမယ်ဆိုရင်လူတွေရဲ့အားပေးမှုကလည်းလျော့လာမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ အရည်အသွေးကိုဆက်လက်ထိန်းသိမ်းထားဖို့လိုပါမယ်။
Sharing is caring ဆိုတဲ့စကားလေးအတိုင်း အောင်မြင်မှုအသီးအပွင့်ကိုတစ်ယောက်တည်းမခံစားပါနဲ့။ ကိုယ်ကြုံတွေ့ ရတဲ့အခက်အခဲတွေ ဗဟုသုတဖြစ်စရာအကြောင်းအရာတွေကိုလူအများစီသို့ပြန်လည်မျှဝေပေးပါ။ဒီလိုလူအများကိုပြန်လည်ဝေမျှခြင်းကလည်းအောင်မြင်မှုကိုကြာကြာရပ်တည်စေနိုင်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
