လေ့လာမူတွေအရ ကမ္ဘာ့လူဦးရေရဲ့ (၄၅) ရာခိုင်နှုန်းဟာ ခံတွင်းရနံ့ဆိုးခြင်း ကိုတွေ့ကြုံခံစားနေကြရပါတယ်။ အမေရိကန်နိုင်ငံမှာ ခံတွင်းကျန်းမာရေးအတွက် နှစ်စဉ် ဒေါ်လာ (၁၀) ဘီလီယံခန့် အသုံးပြုလေ့ရှိပါတယ်။ ဒီနေ့မှာတော့ kwee page က ပါးစပ်ထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပြီး ခံတွင်းရနဲ့ဆိုးခြင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြောင်းကို ပြောပြပေးသွားမှာပါ။
သဘာဝအတိုင်း ပါးစပ်သန့်စင်ပေးတဲ့အရာတွေကို အသုံးပြုပါ
Source: Instructables
- ပူစီနံတွေက ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးပါတယ်။
- လေညှင်းပွင့်၊ စမုန်နက်စေ့ နှင့်ဖာလာစေ့တွေက လည်းခံတွင်းအနံ့ဆိုးတာကို ပျောက်ကင်းစေနိုင်ပါတယ်။
- ပဲနံ့သာပင်ဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်ဟာလည်း ပါးစပ်အတွင်းမှ ဘက်တီးရီးယားတွေကို ရှင်းထုတ်ရာမှာ အလွန်အသုံးဝင်ပါတယ်။
ရေကိုအနည်းဆုံး တစ်နေ့ (၂) လီတာခန့်သောက်သုံးပေးပါ
Source: Southeast Family Dental
ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေခြင်းဟာ ကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေပြီး ခံတွင်းရနဲ့ဆိုးခြင်းကိုလည်း သက်သာစေပါတယ်။ တံတွေးတွေက ခံတွင်းထဲတွင် ဘက်တီးရီးယားပေါက်ဖွားခြင်းကို တာဆီးပေးပါတယ်။ ဒါကြောင့် တံတွေးဂလင်းတွေ ကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက် ရေကိုလုံလောက်စွာသောက်သုံးပေးဖို့ လိုအပ်တာပါ။ ဒါပေမယ့် ညဖက်တွေမှာ သကြားဓာတ်များတဲ့အချိုရည်တွေ သောက်သုံးခြင်းကို ရှောင်ရှားဖို့တော့ လိုအပ်ပါတယ်။
အစားအသောက်ဆင်ခြင်ပါ
Source: Science ABC
တစ်ချို့အစားအသောက်တွေက ခံတွင်းရနံ့ကို ဆိုးဝါးစေပါတယ်။ ကြက်သွန်နီနှင့်ကြက်သွန်ဖြူတွေက ခံတွင်းရနံ့ကို ဆိုးရွားစေတဲ့ အဓိကအစားအစာတွေဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သွန်နီစားခြင်းကိုတော့ လုံးဝ ရှောင်ရှားခြင်းမပြုလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကြက်သွန်နီကို မျှတစွာစားပေးခြင်းဟာ သွားပျက်စီးခြင်းနှင့် သွားဖုံးရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယား (၄) မျိုးလောက်ကို သေစေနိူင်ပါတယ်။
အချည်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့သကြားဓာတ်များတဲ့ အစားအစာတွေ စားခြင်းမှလည်းရှောင်ရှားပေးပါ။
လျှာကိုသန့်ရှင်းပေးပါ
Source: Bright Side
သင့်ရဲ့လျှာဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားရာနေရာတစ်ခုဖြစ်နိူင်ပါတယ်။ သွားတိုက်တဲ့အချိန်မှာ လျှာကိုလည်း မေ့ထားလို့မရပါဘူး။ လျှာကို သွားပွတ်တံဖြင့် ပွတ်တိုက်ပေးပါ။
တစ်နေ့သွားနှစ်ကြိမ်တိုက်ပေးပါ
Source: dentist nyc
တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပေးပါ။ တစ်ခါတိုက်တိုင်း (၂) မိနစ်ခန့် အချိန်ယူပေးပါ။ သွားပုံမှန်တိုက်ပေးခြင်းက စားကြွင်းစားကျန်တွေ သွားထဲမှာကျန်နေခဲ့ခြင်းကို သန့်ရှင်းပေးပြီး ဘက်တီးရီးယားတွေ မပေါက်ဖွားအောင် ကာကွယ်ပေးပါတယ်။
သွားဖုံးကိုကျန်းမာနေအောင်ထားပါ
Source: TheHealthinsider.org
သွားဖုံးရောဂါရှိခြင်းကလည်း ခံတွင်းရနံ့ဆိုးရွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သွားဖုံးကို ကျန်းမာနေအောင်ထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သွားဖုံးမပျက်စီးစေဖို့အတွက် ဖလိုရိုက် ပါတဲ့သွားတိုက်တံကိုရွေးချယ်သုံးစွဲပေးပါ။ ပြီးတော့ ဆေးလိပ်သောက်ခြင်းကိုလည်း ရပ်နားဖို့အကြံပေးပါရစေ။