ဆေးနဲ့ အသက်ဆက်နေရတဲ့ ဘီလျံနာကြီး ဘဝထက် ကျန်းကျန်းမာမာနဲ့ လူ့သက်တမ်းစေ့နေနိုင်တဲ့ ဘဝက ပိုပြီး တန်ပါတယ်။ ငယ်ငယ်ကတည်းက အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နေမယ်လို့ ဆုံးဖြတ်ပြီး ရှင်သန်သွားဖို့ လိုပါတယ်။ အကြောင်းတစ်ခုက ဘဝဆိုတာ သိပ်ရှားပါးလွန်းပြီး ရခဲလှလို့ပါပဲ။ ဒီလို ကျန်းမာပျော်ရွှင် အသက်ရှင်ချင်တယ်ဆိုရင်တော့ ဒီအချက်ကလေးတွေ သိထားဖို့ လိုပါတယ်။

(၁) ရည်ရွယ်ချက်နဲ့ နေထိုင်ပါ

Source: Pexels

အသက်ရှည်ဖို့အတွက် ပထမဆုံးအချက်က ရှင်သန်အောင် မွေးမြူဖို့ပါပဲ။ နေ့တိုင်း မျှော်လင့်ချက်တွေ ၊ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုရင် ရှင်သန်နေတာပါပဲ။

(၂) အဝတ်မဝတ်ဘဲ အိပ်ပါ

Source: mensjournal.com

အိပ်နေချိန်မှာ ခန္ဓာကိုယ်ဟာ အပူချိန် တဖြည်းဖြည်းချင်း ကျဆင်းလာတာဟာ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ညအိပ်ချိန်မှာ မလိုအပ်ဘဲ အဝတ်အစား အကြပ်ကြီးတွေ ဝတ်အိပ်တာဟာ မလိုလားအပ်တဲ့ အပူတွေ စုရာရောက်ပါတယ်။ အိပ်နေချိန် အပူလွန်ကဲလာပြီဆိုရင် မယ်လတိုနင်နဲ့ အရွယ်ရောက်မှု ဟော်မုန်းထွက်မှု မမျှမတ ဖြစ်လာပြီး အရွယ်မတိုင်ခင် အသက်ကြီးရင့်တာတို့၊ ဖိအားနဲ့ ဖျားနာခြင်းတွေ ဖြစ်စေတာတို့ ကြုံနိုင်ပါတယ်။

(၃) ခွေးမွေးပါ

Source: Pixabay

အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ပိုင်ဆိုင်ခြင်းဟာ မိတ်ဆွေကောင်းတစ်ယောက် ၊ လမ်းပြကောင်းတစ်ယောက်ကို ပိုင်ဆိုင်တာပါပဲ။ ချစ်တဲ့ စိတ်နဲ့ နေတဲ့ သူတွေဟာ အသက်ပိုရှည်သလို ကျန်းလည်း ကျန်းမာကြပါတယ်။

(၄) Screen အကြည့်လျှော့ပါ

Source: Pixabay

အသက်ငယ်ငယ်ကတည်းက TV ၊ ဖုန်း ၊ ကွန်ပျူတာ စတဲ့ display ပါတဲ့ ပစ္စည်းတွေကို အကြည့်လျှော့သင့်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကို အနားပေးနည်းကို ကောင်းကောင်း အသုံးချပါ။

(၅) အဟာရကို သတိပြုပါ

Source: Pixabay

ဆယ်လ်မွန်လိုငါးတွေဟာ လူတွေနဲ့ အတည့်ဆုံး အဟာရဖြစ်တဲ့ အစားအစာထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ငါးစားတာဟာ နှလုံးနဲ့ ဦးနှောက်နဲ့ ဆက်စပ်နေတဲ့ ဝေဒနာတွေ အဖြစ်နည်းစေပြီး အရွယ်ပိုတင်စေပါတယ်။

ပဲအမျိုးမျိုး ၊ ပရိုတိန်းနဲ့ ဥတွေအပြင် ငရုတ်သီးအနီရဲရဲတွေလည်း စားပေးတာဟာ သွေးတိုးနဲ့ နှလုံးဖြစ်နိုင်ခြေကို လျော့ပါးစေပါတယ်။ ထမင်းစားရာမှာလည်း တစ်ခါတည်းနဲ့ အများကြီး မစားဘဲ နည်းနည်းချင်း ဖြည်းဖြည်းချင်း စားပေးတာဟာ အစာလည်း ကြေပြီး လူ့သက်တမ်းကိုလည်း ပိုရှည်ကြာစေနိုင်ပါတယ်။

(၆) တရေးတမော ပုံမှန်အိပ်ပါ

Source: Pixabay

နေ့လည်နေ့ခင်း တစ်မှေးလောက် နှပ်တာဟာ အသက်ပိုရှည်ပါတယ်။ အလုပ်လုပ်တဲ့သူတွေမှာဆို နေ့လည်ခင်း နာရီဝက်လောက် အိပ်လိုက်တာနဲ့ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါ အဖြစ်နည်းစေပါတယ်။

(၇) လှုပ်ရှားပါ

Source: unsplash

အထိုင်များတာကို ရှောင်ပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ နှုန်းနဲ့ လေ့ကျင့်ခန်း လုပ်တာ ဖြစ်ဖြစ် ပန်းခြံထဲ သစ်ပင် ပန်းပင်တွေ ပြုစုတာဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် စိတ်လည်း ကြည်ပြီး အသက်လည်း ပိုရှည်ပါတယ်။