ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းဟာ အများအပေါ် လွှမ်းမိုးမှုရှိရုံတင်မဟုတ်ဘဲ ရုပ်အဆင်းပါ ပိုပြီး ကြည့်ကောင်းအောင် အထောက်အပံ့ပေးပါတယ်။ Self-Confidence ရှိသူဟာ အရောင်းအဝယ်လုပ်ရာမှာလည်း ဖောက်သည်ရဲ့ ယုံကြည်မှုရဖို့ လွယ်သလို အလုပ်အင်တာဗျူးတွေမှာလည်း အထင်အမြင်ကောင်း Good Impression ရနိုင်ပါတယ်။ နောက်ဆုံး Dating လုပ်ရာမှာတောင် Confident ရှိသူဟာ တစ်နည်းသာပါတယ်။ ဒီတော့ ယောင်္ကျားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးတက်အောင် ဘယ်လိုအချက်တွေ လုပ်ပေးသင့်သလဲ ကြည့်ရအောင်ပါ။

(၁) အဓိပ္ပါယ်ရှိတဲ့ အသုံးအဆောင်တွေ သုံးစွဲပါ

man accessory

Photo: Unsplash

လက်ဝတ်ရတနာတွေ ဝတ်တတ်ရင် ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် နဲ့ စတိုင်ကို ဖော်ပြနိုင်တဲ့ ရတနာပစ္စည်းမျိုးကို ဝတ်ဆင်ပါ။ ကိုယ်ဝတ်ထားတဲ့ အရာတွေက ကိုယ်ဘယ်လိုလူဆိုတာကို ပြောနေပါစေ။ အရည်အသွေးမြင့်ပြီး ရိုးရှင်းတဲ့ လက်ဝတ်ရတနာနဲ့ ဖက်ရှင်အသုံးအဆောင်တွေ ဝတ်ဆင်တာက သင့်ကို လူတွေ အထင်အမြင်ကြီး လေးစားစေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိစေနိုင်ပါတယ်။

(၂) မတ်မတ်ရပ် ၊ လူမှုဆက်ဆံရေး နားလည်ပါ

Two man discussing

Photo: Unsplash

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတယ်လို့ ခံစားရရင် ခါးကို ဆန့်ပြီး မားမားမတ်မတ်နဲ့ ရပ်ကြည့်ပါ။ စိတ်အခြေအနေ အများကြီး ပြောင်းသွားပါလိမ့်မယ်။ Body Language လို့ခေါ်တဲ့ ခန္ဓာဘာသာဗေဒဟာ သင့်ရဲ့ ခံစားမှု နဲ့ အများရဲ့ အထင်အမြင်ကို အများကြီး ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်။ လူတွေနဲ့ တွေ့ဆုံရာမှာလည်း မျက်လုံးချင်းဆုံကြည့်တာ ၊ နှုတ်ဆက်ရာမှာလည်း နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲနဲ့ နှုတ်ဆက်တာမျိုး လုပ်ပါ။ ဒါဟာ သင့်ရဲ့ ဆွဲဆောင်မှုကို မြှင့်တင်နေတာပါပဲ။

(၃) ဆံပင်ပုံစံကောင်းကောင်းထားပါ

young man with black t-shirt

Photo: Unsplash

ဖက်ရှင်အရရော ပင်ကိုယ်ယုံကြည်မှုအရပါ ဆံပင်ပုံစံဟာ အများကြီး ဩဇာလွှမ်းမိုးမှုရှိပါတယ်။ ဆံပင်ပုံစံကောင်းကောင်း ထားတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုမြင့်မားလာပြီး ကိုယ်ဟာ ကိုယ့်ရဲ့ ရုပ်နဲ့စိတ်ကို အသေအချာဂရုစိုက်သူ ဖြစ်ကြောင်းပါ ပြသရာရောက်ပါတယ်။ ဒါကြောင့် ဆံပင် နဲ့ Facial Hair တွေကို သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျအောင် ထားဖို့လည်း တိုက်တွန်းချင်ပါတယ်။

(၄) ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

man workout

Photo: Unsplash

နေ့စဉ် ပုံမှန်အားကစားလုပ်ခြင်းက ရမယ့် စိတ်ပိုင်း နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ဒီထဲမှာ အားကစားလုပ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိစေတဲ့ အကျိုးလည်း ပါပါတယ်။ အားကစားတစ်ခု ပုံမှန်လုပ်ခြင်းဟာ ကိုယ့်ကိုယ်ခန္ဓာပေါ်မှာ ပိုပြီးစိတ်ချအားကိုးလာသလို Endorphin ထွက်တာကြောင့် စိတ်ထဲမှာ အကောင်းမြင်ရွှင်လန်းမှုလည်း တက်လာစေနိုင်ပါတယ်။

Featured Photo : Inc