လူတိုင်းပြောကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ငွေရှာရတာ အလွန်ခက်ပြီး သုံးရင် ခဏလေးနဲ့ ကုန်သွားတယ်လို့ ပြောတတ်ကြတာပါ။ တကယ်လည်း ပိုက်ဆံဟာ ရှာရတာ ပင်ပန်းခက်ခဲသလောက် ဆီလိုအပေါက်ရှာ ပြန်ထွက်တတ်တဲ့ သဘာဝရှိပါတယ်။ ဒီအတွက် ငွေ ကိုယ့်နားမှာ နေအောင် ကိုယ်က ငွေကို ချစ်ဖို့တော့လိုအပ်ပါတယ်။ ကိုယ်က ငွေကို ချစ်မှ ငွေက ကိုယ့်ကို ချစ်ပြီး အနားမှာနေမှာပါ။

(၁) တကယ်မလိုပဲ ဝယ်တာမျိုးရှောင်ပါ

Business online shopping and sale concept

Source : Freepik

မလိုအပ်တာတွေ လျှောက်ဝယ်နေတာမျိုး မလုပ်ပါနဲ့။ မလိုအပ်တာတွေ လျှောက်ဝယ်နေတာဟာ ဖြုန်းတီးနေခြင်းပါပဲ။ ကိုယ်က ပိုက်ဆံနဲ့ ပေးဝယ်ခဲ့ရပေမယ့်လည်း မလိုအပ်တဲ့အခါ အမှိုက်ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကိုယ် ခက်ခက်ခဲခဲ ရှာထားတဲ့ ပိုက်ဆံတွေကို အမှိုက်လို မလွှင့်ပစ်လိုက်ပါနဲ့။

(၂) ငွေတန်ဖိုးကိုနားလည်ပါ

Young businessman working from his office and counting cash money

Source : Freepik

ငွေရဲ့တန်ဖိုးကို နားလည်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေက ကိုယ့်ရဲ့ ချွေးတွေ လုံ့လတွေ နဲ့ ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေတွေဖြစ်နေလို့ပါပဲ။ ဒီလို ကိုယ်က ပင်ပန်းခက်ခဲစွာရှာထားရတဲ့ ငွေတွေကို လက်လွတ်စပယ် သုံးလိုက်တာကို ရှောင်ကြဉ်သင့်ပါတယ်။ သုံးသင့်တဲ့နေရာမှာ ကောင်းကောင်းသုံးပြီး နှမြောသင့်တဲ့နေရာမှာ နှမြောပါ။

(၃) စုပါ

Hand putting coins in glass. cocept saving money finance accounting

Source : Freepik

ငွေက ကိုယ့်ဆီမှာ မြဲဖို့အတွက် ငွေကို စုဆောင်းဖို့လိုပါတယ်။ ကိုယ်က အများကြီး မစုဆောင်းနိုင်ဘူးဆိုရင်တောင် ကိုယ့်ဝင်ငွေရဲ့ လေးပုံ တစ်ပုံကို စုဆောင်းနိုင်အောင်ကြိုးစားပါ။ ပထမအစပိုင်းမှာ ငွေစုဆောင်းရတာ နည်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် နောက်ပိုင်းမှာတော့ တစတစနဲ့ ငွေတွေ တိုးပွားလာမှာပါ။

(၄) တန်ရာတန်ကြေးကို သိပါစေ

Young businessman working from his office and counting cash money

Source : Freepik

တချို့အရာတွေက တန်ဖိုးနဲ့ ရတာတွေ မတန်တတ်ပါဘူး။ ဒါကို ကိုယ်တိုင်လည်း သိမှာပါ။ ဒီတော့ တစ်ခါ ဂျင်းမိလို့ ခံရပြီးပြီဆိုရင် နောက်တစ်ခါ ဂျင်းထည့်မခံရဖို့ သတိထားပါ။ အားနာတတ်လွန်းတာလည်း နေရာတကာမှာ မကောင်းပါဘူး။ ကိုယ်က အားနာလွန်းလို့ ဘာမှမပြောရင်တောင် တဖက်က ကိုယ့်ကို ငပေါလို့ ထင်သွားတတ်ပါတယ်။ ဒီတော့ ပစ္စည်းတွေရဲ့ တန်ရာတန်ကြေးကို သိပါ။