အိမ်းတွင်အိမ်ပြင် အင်းဆက်ပိုးမွှားတွေရန်ကနေ ကင်းဝေချင်တယ် ဒါပေမယ့် ဓာတုပစ္စည်းလည်းမသုံးချင်ဘူးဆိုရင် သဘာဝနည်းလမ်းလေးတွေ သိထားမှအဆင်ပြေမှာပါ။ အခု kwee page က အိမ်တွင်းအိမ်ပြင်မှာ ရှိနေတဲ့ အင်းဆက်ပိုးမွှားတွေရန်ကနေ ကင်းဝေးစေမယ့် သဘာဝနည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

ပုရွက်ဆိတ်

အရက်ပျံ လက်ဖက်ရည်ဇွန်း (၁) ဇွန်း ၊ ပန်းကန်ဆေးဆပ်ပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း စတာတွေကို ရောပြီး ဗူးထဲထည့်ပါ။ ပြီးရင်အမြှုပ်ထတဲ့အထိ လှုပ်ပေးပြီး ပုရွက်ဆိတ် လမ်းကြောင်းရှိတဲ့ နေရာမှာ ဖြန်းပေးပါ။

ကြမ်းပိုး

ယူကလစ်ဆီ (၁၀) စက်ကို ရေတစ်ခွက်ထဲထည့် ရောသမမွှေပေးပါ။ spray ဗူးထဲ ထည့်ပြီး အိပ်ရာခင်းတွေပေါ်ဖြန်းပါ။ ပြီးရင် နေပူလှန်းထားပေးပါ။ ကြမ်းပိုးတွေရန်ကနေ ကင်းဝေးပါလိမ့်မယ်။

ပျား

အိမ်ထဲမှာ ပျားအုံရှိလို့ စိတ်ညစ်နေရတယ်ဆိုရင် ပျားအုံရှိတဲ့ နေရာကို သံပုရာရည် အဆီနဲ့ဖြန်းပါ။ ရှောက်သီး ၊ သံပုရာသီး နဲ့ လိမ္မော်သီး တွေကိုလှီးပြီး (၁၀) မိနစ် ၊ (၁၅) မိနစ်ခန့် ရေနဲ့ပြုတ်ပေးပါ။ ပြီးတာနဲ့ spray ဗူးထဲထည့်ပြီး ပျားအုံရှိတဲ့နေရာတွေမှာ ပက်ဖြန်းပေးပါ။

ပိုးဟပ်

ပိုးဟပ်တွေက စားကြွင်းစာကျန်တွေရှိလို လာတာများပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေ အိပ်ယာထဲ အဝတ်ဗီရိုတွေထဲမှာ ဝင်ရောက်နေတက်ကြပါတယ်။ သူတို့ကို နှိမ့်နင်းချင်တယ်ဆိုရင်တော့ အရင်ဆုံး အချိုရည်ပလတ်စတစ်ဗူး အလွတ်ကိုယူပါ။ ထိပ်ပိုင်းကိုဖြတ်ပြီး ပုံမှာ ပြထားတဲ့အတိုင်း တပ်ဆင်ပါ။ ဘေးအစွန်းပတ်ပတ်လည်ကို တိတ်နဲ့ကပ်ပါ။ ရေ အနည်းငယ်ထည့်ထားပြီး ထောင်ချောက်ကို ပိုးဟပ်ပေါတဲ့နေရာမှာ ချထားပါ။ ဒါဆို ပိုးဟပ်တွေက ထောင်ချောက်ထဲကို ဝင်ပြီး အပြင်ပြန်မထွက်နိုင်တော့ပါဘူး။

Source: Bright Side