Relationship တစ်ခုမှာ အရေးကြီးဆုံးက တစ်ဦးအပေါ်တစ်ဦးချစ်မြတ်နိုးမှုကို ထုတ်ဖော်ပြသဖို့ပါပဲ။ ကွီးတို့အနေနဲ့ ချစ်သူကောင်မလေးကို မိုးလောက်ကြီးချစ်တယ်ဆိုစေအုန်းတော့ ကွီးတို့အချစ်ကို သူမသိအောင်ထုတ််မပြရင် အလကားပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ချစ်မြတ်နိုးမှုတွေကို သူမသိရှိခံစားရစေဖို့ လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) သီးသန့်အချိန်ပေးပါ

Happy couple talking on the sofa

Photo : Freepik

မိန်းကလေးတိုင်းက ကိုယ့်ချစ်သူနဲ့အတူ အလုပ်တွေ ၊ ကိုယ်ရေးကိုယ်တာတွေ အားလုံးမေ့ပြီး နှစ်ယောက်တည်း အချိန်လေးတစ်ခုကို အတူတူ ဖြတ်သန်းချင်ကြပါတယ်။ ဒီလိုသူမအတွက် သီးသန့်အချိန်ပေးပြီး အချိန်အတူတူကုန်ဆုံးတာဟာ သူမက သင့်ဘဝအတွက် အမှန်တကယ်အရေးပါပြီး ဘဝရဲ့ ဦးစားပေးဖြစ်တယ်ဆိုတာကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။

(၂) ချီးမွမ်းပါ

happy Couple

Photo : Everypixel

သူမနဲ့တွေ့တဲ့အချိန်တိုင်းမှာ ဒီနေ့မင်းအရမ်းလှနေတယ် ၊ ဒီနေ့ဝတ်ထားတဲ့ အင်္ကျီလေးနဲ့ အရမ်းလိုက်တယ် စသည်ဖြင့် သူမကို စကားလုံးလှလှလေးတွေနဲ့ ချီးမွမ်းစကားလေးတွ ပြောပေးပါ။ ဒါဟာ သူမကို ဘယ်လောက်ထိ ဂရုတစိုက်ရှိတယ် ၊ သူမအပေါ် အလေးထားတယ်ဆိုတာ သိသာစေမှာပါ။

(၃) အားပေးစကားပြောပါ

Couple talking

Photo : Verywell Mind

တစ်ခါတစ်လေသူမစိတ်ဓာတ်ကျနေတဲ့အခါ၊ အားငယ်နေတဲ့အခါမျိုးမှာ သင်ကသူမကို အားပြန်ဖြည့်ပေးမယ့် အားဆေးတစ်ခွက်အဖြစ်ရှိနေပေးရမှာပါ။ သူမက စိတ်ဓာတ်ပြန်တက်ကြွ လာပြီး ပျော်ရွှင်လာစေဖို့ ခွန်အားဖြည့်စကားလေးတွေနဲ့ အားပေးနှစ်သိမ့်ပေးရမှာပဲ ဖြစ်ပါတယ်။

(၄) သင့်ရဲ့အချစ်တွေပြောပြပါ

Happy couple

Photo : Good Housekeeping

ချစ်တယ်ဆိုတဲ့ စကားက အရိုးရှင်းနဲ့ပါဝါအပြင်းဆုံးဆိုပေမယ့် ချစ်တယ်ဆိုတာကို ကြည်နူးစရာစကားလေးတွေနဲ့လည်း ပြောပြလို့ရနိုင်ပါတယ်။ ဥပမာ သူမအပေါ် သင်ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်း ၊ ဘယ်အချိန်ကစပြီ သူမကိုချစ်မိကြောင်း ၊ အိပ်မက်တွေထဲအထိ သူမကစိုးမိုးထားကြောင်း စသည်ဖြင့် သင့်ရင်ထဲကအချစ်တွေ ဖွင့်ဟပြောပြလိုက်ပါ။

(၅) ဂရုတစိုက်နားထောင်ပေးပါ

Woman is sad, her man is consoling her

Photo : MindBodyGreen

စကားပြောဆိုကြတဲ့အခါ သူမရဲ့စကားတွေကို သေချာဂရုတစိုက်နဲ့ စိတ်ဝင်တစား နားထောင်ပေးပါ။ ဒါမှ သူမရဲ့ရင်ထဲကခံစားချက်တွေကို သေချာသိမြင်နားလည်စေမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အကြောင်းအရာလေးတွေပြောနေချိန်မှာ သူမနဲ့ မျက်လုံးချင်ဆုံးပြီး အလေးနက်ထား နားထောင်ပေးပါ။ လိုအပ်ရင် လိုအပ်သလို တုန့်ပြန်မှုကောင်းလေးတွေလည်း လုပ်ပေးဖို့ လိုပါတယ်။

(၆) ပွင့်လင်းရိုးသားမှုရှိပါ

Conversation Starters For Couples

Photo : Brides

သင့်အချစ်တွေကို သူမတကယ်ခံစားစေချင်တယ်ဆိုရင် သူမအပေါ် လျို့ဝှက်ချက်တွေ ၊ အလိမ်အညာတွေ ၊ ဖုံးကွယ်ထားတာတွေ မရှိပဲ ရိုးရိုးသားသားနဲ့ အပွင့်လင်းဆုံးသာ ချစ်ပေးပါ။ ရိုးသားပွင့်လင််းမှုက Relationship တစ်ခုမှာအရေးကြီးဆုံးအခြေခံလိုအပ်ချက်တစ်ခုပဲ မဟုတ်လား။

Featured Photo : Millionaire Match