ချစ်ရသူတွေနဲ့ ဝေးကွာခြင်းဟာ ဆင်းရဲဒုက္ခတစ်မျိုးပါပဲ။ အခုလို ကပ်ရောဂါဘေးကြီးအတွင်းမှာ အရင်လို ချစ်ခင်သူတွေ တစ်ယောက်နဲ့တစ်ယောက် အတူဆုံဆည်းဖို့ ခက်ပါတယ်။ ဘယ်လိုပဲ လူချင်းဝေးနေပါစေ ဝေးကွာခြင်းမှာ ချစ်ခြင်းမေတ္တာနဲ့ တုပ်နှောင်ထားနိုင်ဖို့ အခုပြောမယ့် နည်းလေးတွေနဲ့ နီးစပ်အောင် နေထိုင်သင့်ပါတယ်။

(၁) စိတ်အေးလက်အေး စကားပြောဖို့ အချိန်ပေးပါ

Video Call

Photo: Unsplash

နည်းပညာတွေ ဆန်းသစ်လာတာကို ကျေးဇူးတင်ရမှာပါ။ အရင်ကလို တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်ရင် ဆက်သွယ်ဖို့ ခက်ခဲတာမျိုးကို နည်းပညာအစွမ်းနဲ့ ဖယ်ရှားနိုင်လို့ ဖြစ်ပါတယ်။ ကိုယ်ချစ်ရသူကို သတိရတယ်ဆိုတာနဲ့ အသံတင်မဟုတ်ဘဲ ရုပ်ပါ အရှင်လတ်လတ် မြင်ပြီး ဆက်သွယ်နိုင်မယ့် Instant Messaging ပလက်ဖောင်းတွေ အများကြီး ရှိနေပါတယ်။ နှစ်ယောက်သား အေးအေးလူလူ စကားလက်ဆုံကျနိုင်မယ့်အချိန်လေး ရွေးထားရုံပါပဲ။ အဆက်အသွယ်မပြတ်ဖို့ကတော့ LDRS ဆက်ဆံရေးမှာ အရေးအကြီးဆုံး ဖြစ်ပါတယ်။

(၂) ဝေးနေချိန်မှာ တစ်ခုခု အတူတူလုပ်ဆောင်ပါ

Man Opening Skype

Photo: Unsplash

ရုပ်ပိုင်းအရ တစ်နေရာစီမှာ ရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက်အတူ ပျော်စရာလေးတွေ မဖန်တီးနိုင်တာမျိုး မဖြစ်ပါစေနဲ့။ ချစ်မှုရေးရာအကြံပေးပုဂ္ဂိုလ်တွေကတော့ Skype ကနေ ရုပ်ရှင်အတူကြည့်တာ ဖြစ်ဖြစ် ဒါမှမဟုတ် Netflix လို Streaming Services တွေကနေ သင်ချစ်တဲ့သူနဲ့အတူ Episodes နဲ့ ဇာတ်လမ်းတွဲတွေ ကြည့်တာမျိုး လုပ်ဖို့ အကြံပေးကြပါတယ်။ ဒါမှမဟုတ်လည်း အွန်လိုင်းပဟေဠိလေးတွေ ဖြေတာ ၊ ဂိမ်းအတူတူ ဆော့တာမျိုးလုပ်ပြီးလည်း ဝေးနေပေမယ့် နီးစေမယ့် လုပ်စရာလေးတွေ လုပ်ကြည့်သင့်ပါတယ်။

(၃) အပြန်အလှန်လက်ဆောင်ပစ္စည်းလေးတွေ ပို့ပါ

Presents

Photo: Unsplash

ဝေးနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြောင်း ပြသနိုင်မယ့် အမှတ်တရပစ္စည်းလေးတွေ ပို့တာ ၊ အစားအသောက်လေးတွေ လှမ်းမှာပေးတာမျိုး လုပ်ကြည့်သင့်ပါတယ်။ နှစ်ဦးသားအတွက် အဓိပ္ပါယ်ရှိတဲ့ နေ့ကြီးရက်ကြီးတွေမှာ Surprises လေးတွေ ဖန်တီးပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ အ‌ရေးကြီးတာက သင့်အနေနဲ့ သူ့အပေါ်မှာ တန်ဖိုးထားယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို ပြသနေဖို့ပါပဲ။

(၄) ဆုံဖြစ်အောင် ကြိုးစားပါ

Couple Sitting

Photo: Unsplash

အခြေအနေပေးတာနဲ့ မဖြစ်မနေ လူချင်းဆုံတွေ့ဖြစ်အောင်လည်း ကြိုးစားဖို့ လိုပါတယ်။ ဘယ်လောက်ပဲ အွန်လိုင်းကနေ အဆက်အသွယ်မပြတ် မပြတ် လူချင်းမတွေ့ဖြစ်တာ ကြာရင်လည်း နည်းနည်းလေးတော့ စိမ်းသွားကြတတ်လို့ ဖြစ်ပါတယ်။
ဒီအချက်လေးတွေကို ဂရုတစိုက် လုပ်ဆောင်ပေးသွားမယ်ဆိုရင် လူချင်းဝေးလည်း ချစ်ခြင်းမေတ္တာက နီးနီးလေးမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။

Featured Photo: Zoosk