သင့်ရဲ့သွားနဲ့ ခံတွင်းကိုထိန်းသိမ်းဖို့ဆိုတာ ထင်သလောက်မခက်ပါဘူး။ ရိုးရှင်းလွယ်ကူတဲ့ အဆင့်လေးတွေနဲ့ပဲ ကြိုးစားကြည့်လို့ရပါတယ်။ ခံတွင်းနံ့ နံနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလျော့စေပါတယ်။ ဒါ့ကြောင့်ဒီတစ်ခေါက်မှာတော့ ခံတွင်းအနံ့ နံတာကိုသက်သာစေဖို့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

mixed race man using dental floss on stick

Photo : Freepik

အစာစားပြီးတဲ့အခါ အလွယ်တကူသုံးဖို့သွားတိုက်တံတချောင်းဆောင်ထားပါ။ အထူးသဖြင့် အသားပါဝင်တဲ့အစားအသောက်တွေစားပြီးတဲ့အခါ ဖလိုရိုက်ပါဝင်တဲ့သွားတိုက်ဆေးကိုသုံးပြီး တနေ့နှစ်ကြိမ်အနည်းဆုံးအသုံးပြုပြီးတိုက်ပေးပါ။သင့်တော်တဲ့သွားပွတ်ကြိုးအသုံးပြုပေးတာက သွားကြားမှာကပ်ညှိနေတဲ့ စားကြွင်းစားကျန်တွေကိုဖယ်ရှားပေးပြီး ခံတွင်းနံ့နံတာကို သက်သာစေပါတယ်။

သင့်ရဲ့လျှာမှာ ဘတ်တီးရီးယားတွေအများကြီးကပ်ညှိနေတတ်ပါတယ်။ ဒါ့ကြောင့်သွားတိုက်တဲ့အခါ သင့်ရဲ့လျှာကိုပါတိုက်ပေးတာက ဘတ်တီးရီးယားတွေကိုဖယ်ရှားပြီး ခံတွင်းနံ့ကိုကောင်းစေပါတယ်။ ဆေးလိပ်အသောက်များတဲ့သူတွေဆိုရင် လျှာခြစ်တံကိုအသုံးပြုပေးသင့်ပါတယ်။သင့်ရဲ့ခံတွင်းကို မခြောက်သွေ့အောင် ဆေးလိပ်သောက်တာမျိုးကိုရှောင်နိုင်ရင်အကောင်းဆုံးပါ။ ရေများများ သောက်ပါ ကော်ဖီ၊ အချိုရည်၊ အရက်သောက်တာမျိုးရှောင်ပါ။ ခံတွင်းထဲက တံတွေးဂလင်းတွေကို လံှု့ဆော် ပေးဖို့ ပီကေဝါးတာ၊ အချိုပါဝင်မှုနည်းတဲ့သကြားလုံးငုံဆေးလို စားပေးပါ။

Young man brushing teeth and looking at mirror

Photo : Freepik

အပြင်သွားတဲ့အခါ ခံတွင်းနံ့နံစေတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါတဲ့အစားအစာတွေမစားသင့်ပါဘူး။ ဒါ့အပြင် သကြားပါဝင်မှုများလွန်းတဲ့အစားအသောက်တွေကလဲ ခံတွင်းကိုဆိုးစေပါတယ်။ သင်သုံးတဲ့သွားတိုက်တံက သုံးလေးလကြာတဲ့အခါ အမျှင်တွေဖွာသွားတတ်ပါတယ်။ ဒါဆိုဆက်မသုံးပါနဲ့တော့။ ပျော့ပြောင်းမှုရှိတဲ့သွားတိုက်တံအသစ်တချောင်းကို သုံးလ လေးလတခါလောက် လဲပေးဖို့လည်း အကြံပြုချင်ပါတယ်။