အလုပ်တွေပင်ပင်ပန်းပန်းလုပ်နေတဲ့သင်ဟာ နှစ်ခြိုက်စွာအိပ်စက်အနားယူဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် ဖြစ်သလိုအိပ်မယ်ဆိုရင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သင်နှစ်ခြိုက်စွာအိပ်ပျော်စေဖို့အတွက် အောက်ပါအချက်တွေကို ဂရုပြုလိုက်နာသင့်ပါတယ်။

အိပ်ခန်းအပြင်အဆင် နဲ့ အနေအထား

သက်သောင့်သက်သာနဲ့ နှစ်ခြိုက်စွာအိပ်မောကျဖို့အတွက် သင့်အိပ်ခန်းကိုသေချာပြုပြင်စီမံသင့်ပါ တယ်။ သင့်အိပ်ခန်းဟာ အရမ်းလင်းထိန်မနေဖို့လိုအပ်ပြီး သင့်တင့်တဲ့အလင်းရောင်ရဖို့လဲ လိုအပ်ပါတယ်။ အိပ်ခန်းရဲ့အပူချိန်ဟာ ၆၅ဒီဂရီဖာရင်ဟိုက်ကနေ ၇၅ဒီဂရီဖာရင်ဟိုက်တွင်းမှာ ရှိသင့်ပါတယ်။

Caffeine ဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ပါ။

Source: Nikki Sharp

Caffeine ဓာတ်ဟာ သင့်ကိုနှစ်ခြိုက်စွာအိပ်မောကျစေဖို့ကို တားဆီးမယ့်ရန်သူဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာ အိပ်ချင်စိတ်ကိုလျော့ချပြီး ဦးနှောက်ကိုလန်းဆန်းစေပါတယ်။ သင်ဟာကော်ဖီကြိုက်တဲ့သူတစ်ယောက်ဆိုရင် နေ့ခင်း-၂နာရီနောက်ပိုင်းမှာ ကော်ဖီမသောက်သင့်တော့ပါဘူး။

လေ့ကျင့်ခန်းများ

Source: bustle.com

သင့်ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာအဆင့်မြှင့်တင်ဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့် အိပ်စက်အနားယူချိန်မှာလဲ သင်ဟာနှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါလိမ့်မယ်။

ရေနွေးနဲ့ရေချိုးပေးပါ။

Source: Medical Basic

ရေနွေးနဲ့ရေချိုးခြင်းဖြင့် သင့်ခန္ဓာကိုယ်ရဲ့ လုံလောက်တဲ့အပူချိန်ကို ရရှိမှာဖြစ်ပါတယ်။ သင်အိပ်မပျော်ခင် မိနစ်၉၀အတွင်း သင်ဟာသက်သောင့်သက်သာနဲ့ အနားယူနိုင်မှာဖြစ်ပြီး နှစ်ခြိုက်စွာအိပ်ပျော်ခြင်းဆီကို အလွယ်တကူရောက်ရှိနိုင်မှာဖြစ်ပါတယ်။