အားလပ်ရက်တွေမှာ ကောင်းစွာအနားယူပြီး သင့်ရဲ့ စိတ်နှင့်ခန္ဓာကိုယ်ကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း ပုံမှန်ရုံးပြန်တက်ရတဲ့နေ့တွေမှာ စိတ်ကြည်လင်လန်းဆန်းနေပြီး အလုပ်တွေကောင်းကောင်းလုပ်နိုင်မှာပါ။ ဒါကြောင့် ဒီနေ့မှာတော့ အားလပ်ရက်တွေမှာ ပျော်ရွှင်စွာ ဘယ်လိုဖြတ်သန်းသင့်လဲဆိုတဲ့ နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) မနက်စောစောစက်ဘီးစီးပါ

Source : Wallpaperflare

မနက်ခင်းစောစောအိပ်ရာထပြီး အားကစားလုပ်တာက ကျန်းမာကြံ့ခိုင်ခြင်းတွေရရှိပြီး စိတ်ရောကိုယ်ပါနုပျိုလန်းဆန်းစေမှာဖြစ်ပါတယ်။ ဒါကြောင့် မနက်စောစောထပြီး နာရီဝက်လောက် စက်ဘီးစီးကြည့်ပါ။ စက်ဘီးနင်းခြင်းက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းတွေအတွက်များစွာအထောက်အပံ့ပေးတဲ့အပြင် မနက်ခင်းရဲ့ လက်ဆတ်မှုတွေကို ခံစားရရှိစေနိုင်မှာဖြစ်ပြီး တက်ကြွလန်းဆန်းခြင်းတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၂) ချစ်ခင်ရသူတွေကိုအချိန်ပေးပါ

Source : MadameNoire

ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အားလပ်ရက်ကိုဖြတ်သန်းတာကလည်း ပျော်ရွှင်စရာအချိန်တွေကိုပိုင်ဆိုင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ပေးပြီးဖြတ်သန်းပါ။ အရသာရှိတဲ့ ဟင်းလျာတွေချက်စားပါ။ ပျော်စရာကောင်းတဲ့ ဂိမ်းတွေကစားပါ။

(၃) ဝါသနာပါတဲ့အရာလေးတွေလုပ်ပါ

Source : Novice Guitar

ကိုယ့်ရဲ့ဝါသနာလေးတွေကိုလည်း မေ့မထားသင့်ပါဘူး။ ရုံးတက်ရက်မှာအချိန်မရလို့ မလုပ်ခဲ့ရတဲ့ ဝါသနာလေးတွေကို အားလပ်ရက်မှာအချိန်ပေးပြီးလုပ်ဆောင်လိုက်ပါ။ ကိုယ်က ဂစ်တာတီးရတာကြိုက်သူလား ပန်းချီဆွဲရတာနှစ်သက်သူလား စသည်ဖြင့်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ဝါသနာလေးတွေမတူကြပေမယ့် ကိုယ့်တကယ်ဝါသနာပါတာကိုလုပ်ရတဲ့ အချိန်ကပျော်စရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။

(၄) အခန်းကိုပြင်ဆင်ပါ

Source : LoveToKnow

ကိုယ်နေထိုင်တဲ့အိမ်ခန်းလေးက ကိုယ့်အတွက်သီးသန့်ကမ္ဘာလေးပါပဲ။ ကိုယ်ရဲ့ကမ္ဘာလေးကို အမြဲသန့်ရှင်းသန့်ရပ်နေအောင် ရှင်းလင်းတာမျိုး သပ်သပ်ရပ်ရပ်ပြင်ဆင်တာမျိုးက သင့်ရဲ့ စိတ်ကိုကြည်လင်လန်းဆန်းစေပြီးပျော်ရွှင်မှုခံစားရစေမှာပါ။ဒါကြောင့် ကိုယ့်အခန်းလေးကိုပြင်ဆင်ပါ။ မလိုအပ်တဲ့ ပစ္စည်းတွေရှင်းထုတ်လိုက်ပါ။ သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ် အိမ်ခန်းလေးဖြစ်အောင်ပြင်ဆင်လိုက်ပါ။