တကယ်တော့ ဖိနပ်တွေနဲ့လိုက်ဖက်တဲ့ဘောင်းဘီတွေကိုရွေးချယ်ရတာ မလွယ်ပါဘူး။ ယောင်္ကျားလေးတွေအတွက်ဖိနပ်ကအရေးကြီးသလို လိုက်ဖက်မှုရှိတဲ့ဝတ်စုံဖြစ်ဖို့ အပြင်သွားခါနီးတိုင်း ခေါင်းစားနေရင်တော့ ဒီအချက်လေးတွေကသင့်ကိုအကူအညီပေးပါလိမ့်မယ်။

(၁) အခြေခံကျတာလေးတွေက အရေးကြီးပါတယ်

 

ပွဲတက်ဝတ်တာပဲဖြစ်ဖြစ် ပုံမှန်ပေ့ါပေ့ါပါးပါးဝတ်ဆင်တာပဲဖြစ်ဖြစ် အနက်၊ အဖြူနဲ့၊ အပြာရောင် ရှူးဖိနပ်တွေကအခြေခံအနေနဲ့ရှိသင့်ပါတယ်။ ဒီအရောင်တွေက သင်ဘာပဲဝတ်ဝတ်ခေါင်းစားစရာမလိုဘဲ အဆင်ပြေစေပါတယ်။ သင်ဝတ်မယ့်အင်္ကျီအရောင်က အဝါရောင် ဒါမှမဟုတ် အနီရောင်လို အရောင်တောက် တောက်တွေဖြစ်နေရင်တောင် လိုက်ဖက်ပါတယ်။

(၂) လယ်သာခါးပတ် (Leather Belt)

အမျိုးသားတွေအနေနဲ့ ဖိနပ်အရောင်အပြင်တခြားတွဲဖက်ပစ္စည်းတွေနဲ့ လိုက်ဖက်မှုရှိဖို့ကိုစဉ်းစားရတာလဲ စိတ်ရှုပ်စရာပါ။ ဒါကိုအဆင်ပြေစေတာက သင့်ရဲ့လယ်သာသားရေခါးပတ်နဲ့ ဖိနပ်အရောင်ကို တူအောင်ဝတ်ဆင်တာ ဒါမှမဟုတ် သားရေလက်ပတ်နာရီနဲ့ တူအောင်ဝတ်ဆင်တာပဲဖြစ်ပါတယ်။

(၃) တခုပဲရွေးပါ

 

ခေါင်းစခြေဆုံးဝတ်စုံတခုလုံး လိုက်ဖက်အောင်ရွေးဖို့ လုပ်တာကသင့်ကိုစိတ်ရှုပ်စေပါတယ်။ သင့်ဘောင်းဘီ (ဒါမှမဟုတ်) သင့်ရှပ်အင်္ကျီကိုပဲ ဖိနပ်နဲ့လိုက်အောင်ရွေးချယ်ပါ။ ဥပမာ – သင်ကအင်္ကျီအနီရောင်နဲ့ဘောင်းဘီ အနက်ရောင်ဝတ်မယ်ဆိုရင် ဖိနပ်အနီ ဒါမှမဟုတ် အနက်ကိုပဲရိုးရိုးရှင်းရှင်းရွေးချယ်လိုက်ပါ။

(၄) ဖြည့်စွက်အရောင်ကို နီးစပ်တာရွေးပါ

တကယ်လို့သင်က ရိုးရှင်းတာမျိုးမဟုတ်ဘဲ အရောင်များတာကိုကြိုက်တယ်ဆိုရင် ဖြည့်စွက်အရောင်အနေနဲ့ လုံးဝကွဲပြားနေတဲ့အရောင်မျိုးမဟုတ်ဘဲ သင့်ဝတ်စုံနဲ့နီးစပ်တဲ့အရောင်တွေကိုသာရွေးပါ။ ဥပမာ – အဖြူရောင်နဲ့ မိုးပြာရောင်