New yearညရောက်ပြီဆိုတာနဲ့ နှစ်တစ်နှစ်မှာကြုံဆုံရသမျှ အကြောင်းအရာတွေကို ပြန်လည်တွေးတောမိတတ်ကြသလို နှစ်သစ်မှာဘယ်လိုအကောင်းဆုံးသောအရာတွေ ဖန်တီးမယ်ဆိုတာကိုပါ ကြိုတင်ရည်မှန်းချက်ချထားလေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဖြစ်ချင်စိတ်လွန်ကဲပြီး အလုပ်တာဝန်တွေကို အဆမတန်ချမှတ်ထားမိရင် အကောင်အထည်မဖော်မိဖို့က ၄ဝ% ပိုများနေတတ်ပါတယ်။ ကဲဒီတော့ နှစ်သစ်ကိုစိတ်သစ်လူသစ်နဲ့ Productive ဖြစ်ဖြစ် ကျော်ဖြတ်ကြနိုင်စေဖို့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်။

(၁) Goal တွေကို ခွဲခြမ်းစိတ်ဖြာပါ

Photo : Jerry Acuff

နှစ်သစ်အတွက် Goal တွေချမှတ်ရာမှာ လွဲမှားတတ်ကြတာကတော့ ကြီးမားတဲ့ပန်းတိုင်တွေ ချတတ်ခြင်းဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့ Goalတွေဟာ ကျွန်တော်တို့ကို ဖိအားဖြစ်စေပြီး Motivation ကိုလျော့ကျစေနိုင်လို့ အကောင်ထည်မဖော်နိုင်ဖို့က ပိုများတတ်ကြလို့ပါ။ ဒါကြောင့်ကိုယ်ဖြစ်တဲ့ Goal ကကြီးမားနေရင် တတ်နိုင်သလောက် မှတ်တိုင်အသေးလေးတွေကို တိတိကျကျခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အမှန်တကယ်အကောင်အထည်ဖော်လာနိုင်မှာ အသေအချာပါပဲ။

(၂) ကိုယ့်ရဲ့တိုးတက်လာတဲ့ လုပ်နိုင်စွမ်းတွေကို အဆက်မပြတ်သုံးသပ်ပါ

Photo : Mind the Product

တစ်နေ့တာရဲ့ Milestone လေးတွေကို ဖြည့်စွက်ရင်း တိုးတက်လာတဲ့အနေအထားလေးတွေ ပြန်ကြည့်ရတာလောက် စိတ်အားတက်စရာကောင်းတာမရှိပါဘူး။ ဒီလိုကိုယ့်ရဲ့ တိုးတက်လာတဲ့ မှတ်တိုင်လေးတွေကို ပြန်ကြည့်ပြီး Moti ရနိုင်စေဖို့အတွက် အထောက်အပံ့ဖြစ်စေမယ့် App လေးတွေလဲ Recommend ပေးလိုက်ရပါတယ်။ Streaksနဲ့ Productive App ပဲဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုလဲဆုချပေးပါ

Photo : Trophies Plus Medals

Goalတစ်ခုလုံးရောက်ဖို့အတွက် လိုအပ်တဲ့မှတ်တိုင်အသေးလေးတွေကို တစ်ခုစီတိုင်းပြီးမြောက်အောင် လုပ်နိုင်ခြင်းကလဲ သင့်အတွက်အောင်မြင်မှုတစ်ခုပါပဲနော်။ ဆက်လျောက်ရမယ့်ပန်းတိုင်ကို အားအင်အပြည့်နဲ့ လျောက်လှမ်းနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုဆုကြေးလေးတွေ ချမှတ်ထားပေးပါ။ ဥပမာ-ဒီအလုပ်တစ်ခုပြီးရင် ညစာကောင်းကောင်းထွက်စားတာ၊ ခရီးထွက်တာစသဖြင့်ပေါ့။

(၄) အကောင်းမြင်စိတ်ထားပေးပါ

Photo : US Chamber of Commerce

အသစ်တစ်ခုစတင်တော့မယ်ဆိုရင် “ငါလုပ်နိုင်တယ်”လို့ ပြောရုံနဲ့မပြီးပါဘူး။ ဒီအရာကိုဆုံးခန်းတိုင်အောင် လုပ်ဆောင်နေစဥ်တစ်လျောက်လုံး အောင်မြင်သည်ဖြစ်စေ၊ကျဆုံးသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုချစ်ပြီး အကောင်းမြင်စိတ်နဲ့ လက်ခံပေးနိုင်ဖို့လဲ လိုအပ်လှပါတယ်။ ဒါ့အပြင် လေးစားအားကျဖွယ်ကောင်းတဲ့ နယ်ပယ်အသီးသီးကခေါင်းဆောင်ကောင်းတွေရဲ့ အတုယူဖွယ်ကောင်းတဲ့ အပြုသဘောဆောင်အကြံဥာဏ်တွေရယူဖို့ Spotify မှ Podcasts များကိုလဲ နားထောင်ပေးနိုင်ပါတယ်ခင်ဗျာ။

Featured Photo: Channel Futures