လေ့လာမှုတွေအရ ပျမ်းမျှအားဖြင့် ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းဟာ ၈ စက္ကန့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာ ကျွန်တော်တို့ရဲ့ စိတ်အာရုံစိုက်မှုကို ဖျက်ဆီးနိုင်တဲ့ Disney+ ၊ Netflix ၊ Facebook ၊ Twitter ၊ YouTube ၊ TikTok စတဲ့စတဲ့ ဖျော်ဖြေရေးနဲ့ လူမှုကွန်ရက်တွေကလည်း များမှများ မဟုတ်လား။ သတင်းကောင်းတစ်ခုက အာရုံမစိုက်နိုင်တဲ့ အခြေအနေကို ကျွန်တော်တို့ ပြန်တိုက်နိုင်တယ်ဆိုတာပါပဲ။ ကဲ ဘယ်လိုနည်းတွေနဲ့ သင့်ရဲ့ အာရုံစိုက်နိုင်စွမ်း Focus ကို မြှင့်တင်နိုင်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်း

young-guy-sleeping-bed-wearing-smartwatch-sleep-tracker

Photo: Freepik

ညနက်သန်းခေါင်အထိ အိပ်ရာမဝင်ဘဲ နေတဲ့ ရက်တွေ များလာပြီဆိုရင် သင့်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းဟာ ထိခိုက်လာနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာကြောင့် အိပ်ရေးမဝခြင်းဟာ အာရုံစူးစိုက်မှုကို ဖျက်ဆီးနိုင်ပါတယ်။ သုတေသနပညာရှင်တွေကတော့ အကောင်းဆုံး အိပ်စက်မှုကြာချိန်ဟာ တစ်ညကို ၇ နာရီနဲ့ ၈ နာရီအကြား ရှိသင့်တယ်လို့ ဆိုပါတယ်။ အရေးကြီးတာက အိပ်တဲ့အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကြသွားဖို့ပါပဲ။

(၂) ရွရွပြေး လေ့ကျင့်ခန်းလုပ်ခြင်း

senior-man-as-runner-city-s-street-close-up-shot-legs-sneakers-caucasian-male-model-jogging-cardio-training-summer-s-morning

Photo: Freepik

နာရီနဲ့ချီကြာအောင် ထိုင်ခုံမှာ ထိုင်နေမိတဲ့အခါ သွေးလည်ပတ်မှုမမှန်ဖြစ်တဲ့အပြင် မျက်စိညောင်းပြီး အာရုံမစိုက်နိုင် ဖြစ်လာတတ်ပါတယ်။ အခုခေတ်မှာ ကျွန်တော်တို့တတွေဟာ တစ်ရက်ကို ၁၀ နာရီလောက် ပျမ်းမျှကြာအောင် ထိုင်နေမိတတ်ပါတယ်။ စိတ်အာရုံစူးစိုက်နိုင်စွမ်းကို သဘာဝအတိုင်း မြှင့်တင်နိုင်တဲ့ ရိုးရိုးရှင်းရှင်း နည်းလမ်းတစ်ခုက Jogging လို့ခေါ်တဲ့ ရွရွပြေး လေ့ကျင့်ခန်း လုပ်တာပဲ ဖြစ်ပါတယ်။

ကိုယ်ခံပညာတွေ ဖြစ်တဲ့ ကရာတေးနဲ့ အာကီဒိုတို့ဟာ လူရဲ့ သက်လုံကို မြှင့်တင်ပေးပြီး အာရုံစူးစိုက်နိုင်စွမ်းကို သဘာဝအတိုင်း တိုးတက်လာစေပေမယ့် Jogging လိုမျိုး လူတိုင်း လုပ်နိုင်တဲ့ အားကစားတော့လည်း မဟုတ်ပါဘူး။ အကောင်းဆုံးက ကိုယ့်အခန်းထဲမှာကို တစ်ရက် ၅ မိနစ်လောက် နေရာမရွေ့စတမ်း ရွရွပြေးလေ့ကျင့်ခန်း လုပ်ပေးဖို့ ဖြစ်ပါတယ်။

(၃) သဘာဝထဲ နေထိုင်ခြင်း

hiking-man-with-backpack-walking-forest

Photo: Freepik

သဘာဝအတိုင်း အာရုံစူးစိုက်မှု ပိုကောင်းစေဖို့ဆိုရင် သဘာဝတရားထဲမှာ နေထိုင်ကြည့်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ သဘာဝတရားထဲ နေတယ်ဆိုတာ အခုသုံးနေတဲ့ စမတ်ဖုန်းတွေ ခဏချထား ၊ သစ်ပင်နဲ့ မြက်ခင်းတွေရှိရာကို ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် လမ်းထွက်လျှောက်ကြည့်တာကို ပြောတာ ဖြစ်ပါတယ်။ မြစ်ဘေးတို့ ကမ်းခြေတို့အနားမှာ နေထိုင်တဲ့သူတွေအတွက်ဆို ပိုလို့တောင် ဟန်ကျပါတယ်။ အနည်းဆုံးကိုယ့်အခန်းထဲမှာ အပင်လေးတွေ ထည့်ထားရင်တောင် စိတ်အာရုံစူးစိုက်နိုင်စွမ်းနဲ့ အလုပ်လုပ်မှုအားကို ပိုတက်စေပါတယ်။

(၄) ပဟေဠိဂိမ်းကစားခြင်း

Happy family top view lying on floor with solving a jigsaw puzzle

Photo: Freepik

ဦးနှောက်ကို လေ့ကျင့်ပေးတဲ့ Brain Training Activities တွေဟာ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့အပြင် အာရုံစိုက်မှုနဲ့ စိတ်ရှည်သည်းခံမှုကိုလည်း ပိုတက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဝါသနာပါရင် ပဟေဠိဂိမ်းတွေဖြစ်တဲ့ ဆူဒိုခု ၊ Scrabble ၊ Crosswords ၊ စစ်တုရင် ၊ Jigsaw တို့လို ဂိမ်းတွေ ကစားဖို့အကြံပေးချင်ပါတယ်။

(၅) ဂီတသံစဉ်တွေ နားထောင်ခြင်း

good-music-is-motivation-running

Photo: Freepik

Classical သီချင်းနဲ့ ဂီတတွေကို နားထောင်တာဟာ သိစိတ်စွမ်းရည်ကို မြင့်မားစေတယ်လို့ ဆိုပါတယ်။ စာသားမပါဘဲ တီးလုံးသံစဉ်သက်သက်တွေ နားထောင်ရခြင်းဟာ စိတ်ကို ပြေလျော့အနားရစေပါတယ်။ Classical Music တွေအပြင် တောတောင်သဘာဝအသံနဲ့ နောက်ခံတီးလုံး BGM တွေ ဖွင့်ထားတာကလည်း စိတ်စုစည်းနိုင်စွမ်းကို ပိုပြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။