တစ်ရက် တစ်ရက် ဖြတ်သန်းရတဲ့ နေ့ရက်တိုင်းဟာ စိန်ခေါ်မှုနဲ့ အခက်အခဲတွေ ချည်းပဲလို့ ခံစားနေရပြီလား။ တကယ်တော့ ဒါဟာကွီးတို့တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာ လေ့လာသင်ယူရင်းနဲ့ပဲ ဖိအားတွေအောက်မှာ ရှင်သန်လာနိုင်အောင် ကြိုးစားကြရမှာပါ။

လူတိုင်းဘဝမှာ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပေမယ့် ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြုံလာတဲ့အခါ အကောင်းဆုံး ကျော်လွှားနိုင်စေဖို့ နည်းလမ်းကောင်းတချို့ကိုတော့ ကွီးတို့အတွက် ပြောပြပေးချင်ပါတယ်။

(၁) ကြိုတင်စီစဉ်ပါ


Photo : Bilingua

ကြိုတင်ပြင်ဆင်မှုတိုင်းက မှားတယ်မရှိပါဘူး။ ကိစ္စတိုင်းကို ကြိုတင်စီစဉ်ခြင်းဟာ ပြဿနာတစ်ချို့ကို ပြေလည်သွားစေပြီး တစ်နေ့တာကိုအဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ဖို့ များစွာအကူအညီ ဖြစ်စေပါတယ်။

(၂) ကျေးဇူးတင်ပါ


Photo : Freepik

ကျေးဇူးတင်တတ်တဲ့အလေ့အထဟာ ကွီးတို့ဘဝထဲက အခက်အခဲနဲ့ အဆင်မပြေမှုတွေကို ဖယ်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ မနက်ခင်း အိပ်ရာနိုးချိန်မှာ ကျေးဇူးတင်ထိုက်တဲ့အရာ ၃ ခုကို စဉ်းစားကြည့်ပါ။ ကျေးဇူးတင်စိတ်နဲ့ တစ်နေ့တာကို စတင်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကြည်နူးပျော်ရွှင်စေပြီး တစ်နေ့တာအခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ကျော်လွှား နိုင်ပါလိမ့်မယ်။

(၃) အကောင်းမြင်စိတ်မွေးပါ

Photo : Quotabulary

လူတိုင်းမှာ အကောင်းမြင်စိတ်ရှိဖို့ အရေးကြီးပါတယ်။ အကောင်းမြင်နိုင်တဲ့ စိတ်ကိုလေ့ကျင့်ထားခြင်းဟာ ဘဝရဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့ အကောင်းဆုံး လက်နက်ပဲ ဖြစ်ပါတယ်။ အကောင်းမြင်စိတ်ရှိရင် အဆိုးဆုံးအခိုက်အတန့်တွေကိုတောင် အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။

(၄) စာများများ ဖတ်ပါ

Photo : Gentil Uomo

ကွီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ စာဖတ်ခြင်းအလေ့အကျင့်က ကူညီပေးနိုင်ပါတယ်။ စိတ်ခွန်အားရစေမယ့် စာအုပ်တွေ ၊  ကွီးတို့ကို စိတ်ဓာတ်လှုံ့ဆော်ပေးနိုင်မယ့်စာပေတွေ များများဖတ်ရှုခြင်းဖြင့် တစ်နေ့တာကို အကောင်းမြင်စိတ်နဲ့  ဖြတ်သန်းနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေရရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : Quotabulary