လူတစ်ယောက် အမြင့်ရောက်ဖို့ ငယ်ကတည်းက လမ်းမှန်လျှောက်တတ်အောင် သင်ပေးဖို့ လိုပါတယ်။ အရေးကြီးတာက ပြင်ဆင်မှုပါပဲ။ တိုးတက်အောင်မြင်တဲ့ဘဝလမ်းကြောင်းပေါ် ‌တွန်းတင်နိုင်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ ကိုယ့်မှာရှိအောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ငယ်ငယ်ကတည်းက အောင်မြင်ဖို့ ပြင်ဆင်ထားသူအတွက် အောင်မြင်မှုဆိုတာ သေချာပေါက်လက်လှမ်းမှီနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာလည်း ဆယ်ကျော်သက်အရွယ် လူငယ်ဘဝကတည်းက ဘဝအောင်မြင်ရေးအတွက် ပြင်ဆင်သင့်တဲ့အချက်တွေ မျှဝေသွားမှာပါ။

(၁) ဆရာကောင်း နည်းပြကောင်းတွေနဲ့ လေ့ကျင့်ပါ

Training

Photo: Unsplash

လူငယ်တစ်ယောက် တိုးတက်ဖို့အတွက် လမ်းပြကောင်းလိုပါတယ်။ ဘဝတက်လမ်းတွေကို နည်းစနစ် မှန်မှန်ညွှန်ကြားပြသနိုင်တဲ့ Mentor ရှိရင် အတွေးအမြင် နဲ့ အသိပညာထက်သန်လာပြီး ဘဝလမ်းကြောင်းမှန်လာနိုင်ပါတယ်။ လူတစ်ယောက်ရဲ့အစွမ်းအစကို မြေတောင်မြှောက်ပေးနိုင်ပြီး ဘဝလမ်းကြောင်းတွေကို ဖန်တီးပေးနိုင်တဲ့ ဆရာကောင်းရှာဖို့ဆိုတာ လူငယ်တစ်ယောက်အဖို့ နံပါတ်တစ် ပြင်ဆင်ရမယ့်အချက် ဖြစ်ပါတယ်။

(၂) လူမှုဆက်ဆံရေး ကျွမ်းကျင်အောင် တည်ဆောက်ပါ

Communication

Photo: Unsplash

Interpersonal Skills ကောင်းသူဟာ အောင်မြင်‌ရေးလမ်းကြောင်းပေါ် ရောက်နေတဲ့လူလို့ ပြောနိုင်ပါတယ်။ လူမှုဆက်ဆံရေးကောင်းသူဟာ မိတ်ကောင်းအထောက်အပံ့ရနိုင်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို အများသိအောင် ချပြနိုင်ပါတယ်။ လူတွေကို ဦးဆောင်ဦးရွက်ပြုနိုင်စေပါတယ်။ တစ်ချိန်မှာ အမြင့်ရောက်ချင်ရင် လူမှုဆက်ဆံရေးကျွမ်းကျင်အောင် တည်ဆောက်နေပါလို့ ပြောချင်ပါတယ်။

(၃) စိတ်ခံစားမှုကို စီမံခန့်ခွဲပါ

Man Hands Up

Photo: Unsplash

Emotions တွေဟာ ဒီအတိုင်း လွှတ်ထားရင် အန္တရာယ်ရှိပါတယ်။ စိတ်ခံစားချက်တွေကို အကောင်းဘက်က ထိန်းချုပ်မှု မလုပ်နိုင်ရင် မဖြစ်သင့်တာတွေ ဖြစ်ပြီး ပျက်စီးမှုနဲ့ ကြုံတွေ့နိုင်ပါတယ်။ စိတ်ခံစားချက်ကို ငယ်ငယ်ကတည်းက ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့အကျင့် ရှိလေလေ နောက်ပိုင်းမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ ၊ အခက်အခဲနဲ့ ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လေလေပါပဲ။

(၄) ရည်မှန်းချက်ထား ကြိုးစားတဲ့အကျင့် မွေးပါ

Hope

Photo: Unsplash

ဘာပဲလုပ်လုပ် ရည်ရွယ်ချက်ထားပြီး ကြိုးစားမယ်ဆိုတဲ့ သင်ခန်းစာဟာ လူငယ်တစ်ယောက်ကို ထက်မြက်အောင်မြင်တဲ့ဘဝအရောက်ပို့နိုင်ပါတယ်။ လူငယ်ဘဝမှာ တိကျပြတ်သားတဲ့ ရည်မှန်းချက် ရှိဖို့ ၊ ရည်မှန်းချက်အတိုင်း အရောက်ကြိုးစားတဲ့ ဇွဲနဲ့လုံ့လထားဖို့ဆိုတာ အရေးပါဆုံး အောင်မြင်ရေးသင်ခန်းစာပဲ ဖြစ်ပါတယ်။

ဖြတ်သန်းရာ ဘဝတစ်လျှောက်မှာ အောင်မြင်မှုအပြင် တန်ဖိုးထားအပ်တဲ့ ရိုးသားဖြောင့်မတ်မှု ၊ အားကစားသမားစိတ်ဓါတ် ၊ လေးစားမှု ၊ ယုံကြည်မှု ၊ တာဝန်ယူမှု ၊ ဇွဲလုံ့လ ၊ ယဉ်ကျေးမှုနဲ့ တရား/မတရား မှန်/မမှန် ချင့်ချိန်ဆုံးဖြတ်မှု စတဲ့ တန်ဖိုးတွေလည်း ထားရှိဖို့ လိုပါတယ်။

Featured Photo: optimizeintl