သမီးရည်းစားဘဝမှာ အမြဲတမ်း ကယုကယင် ကြင်နာနေကြတာတော့လည်း မဟုတ်ပါဘူး။ စိတ်အခန့်မသင့်တဲ့အခါ ပြဿနာတက်ပြီး ရန်သတ်တဲ့အဆင့်လည်း ရောက်တတ်ပါတယ်။ တစ်ခါတစ်လေမှာ ဒီလို အပြတ်အပြတ်နဲ့တကယ် လမ်းခွဲတဲ့အဆင့်ရောက်သွားတဲ့ စုံတွဲတွေလည်း မနည်းပါဘူး။ Break Up လို့ခေါ်တဲ့ လမ်းခွဲပြတ်စဲတဲ့အဆင့်အထိ မရောက်ခင်မှာ ကောင်မလေးကို စကားပြောတာ ၊ ဆက်ဆံတာကအစ သတိထားဖို့လိုပါတယ်။

ချော့တယ် ဆိုကတည်းက အောက်ကျို့ရမယ် ၊ စိတ်ရှည်ရမယ်ဆိုတာ ကြိုပြီး သိရှိပြင်ဆင်ထားဖို့လိုပါတယ်။ အရင်ဆုံး သူမ ကိုယ့်ကို ဘာတွေ ပြောင်းလဲစေချင်သလဲ မေးပါ။ လူနှစ်ယောက် ချစ်ကြစုံမက်ကြတယ်ဆိုတာ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး တစ်ယောက်ပြဿနာတွေကို တစ်ယောက် တကယ်သိရှိလက်ခံတာပါ။ သူ့အဖြစ်နဲ့သူ့ခံစားချက်ကို သိရင် ပြဿနာကို အဖြေရှာဖို့လွယ်ပါတယ်။ မိန်းကလေးတွေဟာ သူတို့မိန်းကလေးဖြစ်ကြောင်းနဲ့သူတို့ခံစားနေရတဲ့ အဖြစ်ကို သူတို့ချစ်သူသိဖို့အတွက်ကို အမြဲ အလေးထားတယ်ဆိုတာ မမေ့ပါနဲ့။

 young woman posing with husband at terrace

Source : Freepik

ကိုယ့်ချစ်သူက ကိုယ့်ကို လမ်းခွဲရအောင် လို့ပြောရင် သင်ဘယ်လိုခံစားရသလဲ။ တကယ်က မိန်းမတစ်ယောက် စိတ်ကုန်လောက်အောင် ကိုယ့်မှာ အမှားတွေ လုပ်မိတယ်။ ကိုယ်လည်း သူ့အပေါ် တကယ်မကောင်းနိုင်/မချစ်နိုင်ဘူးဆိုရင် မတွဲတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်အဆုံးရှုံးမခံရအောင် ချစ်ရတဲ့သူအတွက်တော့ အဆိုးဆုံးအခြေအနေမရောက်ဖို့အကောင်းဆုံး ကြိုးစားသင့်ပါတယ်။

မိန်းကလေးတစ်ယောက်က သူ့ချစ်သူကို လမ်းခွဲတာဟာ သူ့အပေါ်မှာ လေးစားယုံကြည်မှု ပျောက်ဆုံးသွားလို့လည်း ဖြစ်နိုင်ပါတယ်။ သူမရဲ့ လေးစားယုံကြည်မှု ပြန်ရအောင် ကြိုးစားပါ။ ကိုယ့်အနေနဲ့ပိုကောင်းအောင် ကြိုးစားနေကြောင်းလည်း သက်သေပြနေပါ။

ချစ်စတုန်းက အကြင်နာနဲ့အမှတ်တရတွေကို ပြန်အမှတ်ရစေအောင် ပန်းစည်းတွေ ပေးတာ ၊ ပို့စကတ်နဲ့စာတိုလေးတွေ ပေးတာ ၊ Date Night လုပ်တာ ၊ အပြင်လည်တာတွေ လုပ်သင့်ပါတယ်။ သူမအတွက် အမှတ်တရသစ်တွေ ဖန်တီးတာ ၊ အချိန်ပေးပြီး အနားမှာ နေတာမျိုးလည်း လုပ်သင့်ပါတယ်။

Laughing indoors talking two female

Source : Freepik

သူတစ်ယောက်တည်း နေချင်တယ်ဆိုရင် အချိန်ပေးပါ။ ကိုယ့်အနေနဲ့လူကိုယ်တိုင် သူမဆီ မသွားတော့ဘဲနဲ့ပထမဆုံးအကြိမ်အဖြစ် ခဏလောက် ဝေးနေပါစေ။ ဒီအချိန်မှာ အတူနေခဲ့တဲ့ အချိန်တွေအကြောင်း စဉ်းစားပါစေ။ တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ဒီလိုဝေးနေချိန်တွေမှာ ကိုယ့်ရဲ့ ချစ်ခြင်းမ္တောနဲ့သံယောဇဉ်ကို ပြန်မြင်လာပါလိမ့်မယ်။

အရမ်း ဖိအားမပေးပါနဲ့။ စကားတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့သူမကို စိတ်ကုန်အောင် မလုပ်ပါနဲ့။ လွတ်လွတ်လပ်လပ် နေပါစေ။ ကိုယ်ဟာ နောက်ဆုံး ဆုံးရှုံးရမယ့် အချိန်အထိ သူမအပေါ် နူးညံ့ကြင်နာခဲ့သူ ၊ သဘောထားကြီးကြီးနဲ့စောင့်ရှောက်ခဲ့သူအဖြစ် အမှတ်ရနေပါစေ။