ကိုယ်ရူးသွပ်ခုံမင်တာလုပ်ဖို့ လက်ရှိအလုပ်ကနေ နှုတ်ထွက်စာတင်တယ်ဆိုတာ သိပ်စွန့်စားရာကျပါတယ်။ အလုပ်တစ်ခုခု ရဖို့ဆိုတာကလည်း အခက်သားမလား။ တကယ်တော့ ကိုယ့် Passion ကို ပုံဖော်ဖို့ အလုပ်ထွက်စရာမလိုပါဘူး။

(၁) Passion နောက်လိုက်ဖို့ အချိန်ရှိပါစေ

Photo: Pexels

ရုံးချိန်မှာ အလုပ်တွေ ပြီးရင် ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ရှိဖို့လိုပါတယ်။ တစ်နေ့ကို နှစ်နာရီ အချိန်ရရင်တောင် ကိုယ်စိတ်အားထက်သန်တဲ့ အရာကို လိုက်စားနိုင်မှာပါ။ ဥပမာ- သင့် Passion က အဆိုတော်ဖြစ်ဖို့ဆိုရင် အားလပ်တဲ့ အချိန်တွေမှာ ဂီတသင်ခန်းစာ ရုပ်သံ/စာအုပ်တွေ ဖတ်ရှုနားဆင် လေ့လာရင်း သင့်ရဲ့ Talent ကို မြှင့်တင်သွားမယ်ဆိုရင် သင့်အိပ်မက်တွေ တကယ်ဖြစ်လာနိုင်ပါတယ်။

(၂) ဗာရီယကိစ္စတွေ လျှော့ပါ

Photo: Unsplash

အလုပ်က မထွက်ဘဲ ကိုယ်ဖြစ်ချင်နေတဲ့ ဘဝတစ်ခုကို ပုံဖော်နေချိန်မှာ စွန့်လွှတ်ရတာတွေ ရှိပါတယ်။ အရင်လို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သောကြာနေ့ဆို TGIF သွားရမှာ မဟုတ်သလို စနေ တနင်္ဂနွေလည်း ကိုယ်သွားချင်တဲ့ နေရာတွေ သွားချင်မှ သွားနိုင်မှာပါ။ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လို့ မရဘူးဆိုတဲ့ အတိုင်းပဲ။ Focus ပြတ်သားဖို့ လိုပါတယ်။

(၃) ထိရောက်တဲ့နည်းလမ်းတွေ ရှာဖွေပါ

Photo: Unsplash

နည်းပညာဟာ ဒီနေ့ခေတ် လူတွေရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ဆောင်ချက်တွေကို အများကြီး ပြောင်းလဲပေးလိုက်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် အင်တာနက်ခေတ်မှာ ကိုယ်ဖြစ်ချင်တဲ့ Passion ကို ရောက်အောင် သွားရာမှာ ပိုပြီး ကျယ်ပြန့်တဲ့ နည်းလမ်းတွေကို အသုံးချနိုင်ပြီ ဖြစ်ပါတယ်။
အင်တာနက် Connection ကောင်းကောင်း နဲ့ laptop တစ်လုံး ရှိရုံနဲ့ ပညာရပ်မျိုးစုံ သင်နိုင်ပြီ ဖြစ်ပါတယ်။ နည်းပညာကို ထိထိရောက်ရောက် အသုံးချတတ်ဖို့ပဲ လိုတာပါ။

(၄) သင့် Passion နဲ့ နီးစပ်တဲ့ အလုပ်မျိုးမှာ လုပ်ပါ

Photo: Nav

ဒါကတော့ အလုပ်လည်းရ ၊ ကိုယ်ရူးသွပ်ခုံမင်တဲ့ Dream ကိုလည်း အကောင်အထည်ဖော်လို့ရမယ့် နည်းလမ်းပါ။ တကယ်လို့ သင်က စာရေးဆရာကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သတင်းမီဒီယာ လုပ်ငန်းတစ်ခုခုမှာ အလုပ်ဝင်တာမျိုးက သင့်အိပ်မက်နဲ့လည်း ပိုနီးကပ်သလို သင့်အတွက်လည်း အဆက်အသွယ်ကောင်းတွေ ရလာစေမှာပါ။