အသည်းကွဲတယ်ဆိုတာ ချုပ်ရိုးမဲ့ သွေးမတိတ်တဲ့ ဟက်တက်ကွဲဒဏ်ရာတစ်မျိုးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲရပြီးနောက် ဆန့်ကျင်ဘက်အရပ်ဆီ ကျောခိုင်းထွက်ခွာမှုတိုင်းက ပျော်စရာအမှတ်ရချက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အသည်းကွဲရင် ကုစားဖို့ လိုပါတယ်။ ကုစားဖို့နည်းလမ်းတွေကလည်း ရိုးရိုးရှင်းပါပဲ။

(၁) ဖွင့်ချလိုက်

Photo: Unsplash

ရင်ထဲမှာ မြိုသိပ်ထားတဲ့ခံစားချက်တွေက ဖိနှိပ်လွန်းရင် အန္တရာယ်ဖြစ်တတ်ပါတယ်။ အသည်းကွဲတဲ့ဒဏ်ချက်ကို မခံစားနိုင်ဖြစ်လာရင် ကိုယ်ယုံကြည်ရတဲ့လူရှေ့မှာ ရင်ဖွင့်လိုက်ပါ။ ဒါမှမဟုတ် တစ်နေရာရာမှာ သွားအော်လိုက်ပါ။ အသည်းကွဲသီချင်းတွေ နားထောင်ရင်းလည်း ငိုချင် ငိုချပစ်လိုက်ပါ။ အဓိကက ခံစားချက်တွေ ဖွင့်ချလိုက်ဖို့ပဲ ဖြစ်ပါတယ်။

(၂) အကြံတောင်းပါ

Man Crying

Photo: Unsplash

သူငယ်ချင်းကောင်းတွေနဲ့ ကိုယ်ယုံကြည်ရတဲ့ မိသားစုဝင်/ဆရာသမား တစ်ယောက်ယောက်ဆီက အကြံဉာဏ်ကို ရယူတာကလည်း အသည်းကွဲမှုကို အကောင်းဆုံးဖြတ်ကျော်ဖို့ နည်းလမ်းတစ်ခု ရနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အသည်းကွဲပြီးနောက် ဘယ်လိုနေထိုင်သင့်သလဲဆိုပြီး လူမှုဗေဒပညာရှင်တွေ အကြံပေးထားတဲ့စာအုပ်မျိုး ဖတ်နိုင်ပါတယ်။

(၃) အိပ်ပါ စားပါ အားကစားလုပ်ပါ

stair climbing

Photo: Unsplash

သင့်ကိုယ်သင် ပြန်ထူထောင်ဖို့ လိုပါတယ်။ လမ်းခွဲပြီးနောက် သင်မဖြစ်မနေ လုပ်ရမယ့်အချက်က သင့်ရဲ့ လူနေမှုပုံစံပြောင်းဖို့ပဲ ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်စက်အနားယူပါ။ ကိုယ်နှစ်သက်တဲ့ အစားအသောက်တွေ စားပါ။ တစ်ချိန်တည်းမှာ သင့်စိတ်ရော ကိုယ်ပါ Healing လုပ်ဖို့အတွက် Gym လေး ဘာလေး ကစားပါလို့ အကြံပေးချင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး Treat လုပ်တဲ့အနေနဲ့ အဝတ်အစားသစ်တွေ ဝယ်ပါ။ သွားချင်ခဲ့တဲ့ ခရီးတွေ သွားဖြစ်အောင် သွားပါ။

(၄) အသစ်တစ်ယောက်ရှာပါ

Couple

Photo: Unsplash

Breakup လုပ်ပြီးပြီးချင်း နောက်တစ်ယောက်ကို မချစ်လိုက်ပါနဲ့။ သင့်ကိုယ်သင် အချိန်ပေးပါ။ ခံစားချက်တွေ အနာကျက်လောက်ချိန်မှာ လူသစ်စိတ်သစ်နဲ့ အချစ်သစ်ရှာပါလို့ အကြံပေးချင်ပါတယ်။

Featured Photo: mensxp