စိတ်ဖိစီးမှုကို လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ယနေ့ခေတ်လူတော်တော်များများ ရှောင်လွဲလို့မရတဲ့အရာကတော့ စိတ်ဖိစီးမှုပဲဖြစ်ပါတယ်။ အလုပ်မှာလည်း အလုပ်ကြောင့်စိတ်ဖိစီးမှု ရှိပြီး အိမ်မှာလည်း မိသားစုကြောင့် တစ်ခါတစ်ရံစိတ်ဖိစီးမှုကို ခံစားရတက်ပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်အတွက်ရော ခန္ဓာကိုယ်အတွက်ပါ ကောင်းတဲ့အရာမဟုတ်ပါဘူး။

ဒီနေ့ kwee page က စိတ်ဖိစီးမှုကို လျှော့ချနိုင်မည့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

တရားထိုင်ပါ

Source: Freepik

တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် တရားထိုင်တာဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် သင်မနက် အိပ်ရာမထမီနဲ့ အိပ်ရာဝင်ခါနီး ဆယ်မိနစ်ကိုတရား ထိုင်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ တကယ်တရားထိုင်တဲ့ ပုံစံမဟုတ်လည်း မျက်လုံးမှိတ်လို့ ဝင်လေထွက်လေကိုမှတ် ရုံနဲ့ သင့်စိတ်ဖိစီးမှုတွေကို မောင်းထုတ်ပေးနိုင်မှာပါ။

လတ်ဆတ်တဲ့လေကိုရှူပါ

Source: www.respiremedical

လတ်ဆတ်တဲ့လေအလုံအလောက်ရဖို့ဟာ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးအတွက်တင် အရေးပါတာမဟုတ်ဘဲ စိတ်ဖိစီးမှုကိုပါ လျှော့ချပေးရာမှာလည်း အသုံးဝင်ပါတယ်။

သီချင်းနားထောင်ပေးပါ

Source: shutterstock

ဆယ်မိနစ်လောက်သီချင်းနားထောင်တာဟာ သင့်စိတ်ဖိစီးမှုကို တကယ်လျော့ကျစေမှာပါ။ ဒါကြောင့် ကြည့်နေတဲ့ သတင်းအစီအစဉ်တွေကို ပိတ်လိုက်ပါ။ ပြီးရင်တော့ ငြိမ့်ညောင်းတဲ့ သံစဉ်တွေကို နားထောင်လိုက်ပါ။

ရေများများသောက်ပေးပါ

Source: Medical News Today

စိတ်ဖိစီးမှုက ရေဓာတ်ခမ်းခြောက်စေပြီး ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ကျချင်ရင် တစ်နေ့တာ ရေလုံလောက်စွာသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

အလုပ်တွေအများကြီး တပြိုင်တည်းလုပ်ခြင်းမှရှောင်ရှားပါ

Source: Men and Mental Health

အလုပ်အများကြီး တပြိုင်တည်းလုပ်တဲ့လူတွေမှာ အနည်းနဲ့အများ စိတ်ဖိစီးမှုတွေ ရှိနေတက်ပါတယ်။ ဒါ့ကြောင် အလုပ်အများကြီး လုပ်ဖို့ရှိနေရင်တောင် တစ်ခုပြီးမှတစ်ခု လုပ်တာက စိတ်ဖိစီးမှုကို လျှော့ကျစေမှာပါ။