လူကြီးဖြစ်စေ လူငယ်ဖြစ်စေ စိတ်ဖီးစီးမှုဆိုတာ လူတိုင်းရှိတက်ကြပါတယ်။ စိတ်ဖိစီးမှုတွေက စိတ်နှင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးတဲ့ အရာတစ်ခုဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေကို တိုက်ထုတ်နိုင်မယ့်နည်းလမ်းကောင်းတွေပြောပြပေးချင်ပါတယ်။

(၁) တရားထိုင်ပါ

Source : Stocksy

တရားထိုင်ခြင်းက စိတ်ကိုအကောင်းဆုံးတည်ငြိမ်အေးချမ်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြန့်လွင့်နေတဲ့ စိတ်အာရုံတွေကိုပြန်လည်စုစည်းပြီး မကောင်းတဲ့အတွေးတွေ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်တာကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက်ပုံမှန်တရားထိုင်ပေးဖို့အကြံပြုချင်ပါတယ်။

(၂) စိုးရိမ်ပူပန်မှုတွေလျော့ချပါ

Source : Duns

စိုးရိမ်ပူပန်မှုတွေကလည်း စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဖြစ်မလာသေးတဲ့အရာတွေကိုတွေးပူနေတာက စိတ်ဖိစီးမှုတွေများစေသလို လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝရဲ့ ပျော်ရွှင်စရာအချိန်တွေကိုလည်း ပျောက်ဆုံးစေနိုင်တာကြောင့် ဖြစ်နိုင်ရင် စိုးရိမ်ပူပန်မှုတွေ မဖြစ်သေးတဲ့အရာတွေကို ကြိုတင်သောကရောက်နေခြင်းတွေကိုလျော့ချဖို့ တိုက်တွန်းပါရစေ။

(၃) ကျန်းမာတဲ့နေထိုင်မှုပုံစံမွေးမြူပါ

Source : Viewpoint – Hays

နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါကျန်းမာအောင်နေထိုင်ခြင်းက စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အဟာရရှိတဲ့အစားအစာတွေစားသုံးပါ။ အိပ်ရေးဝဝအိပ်စက်အနားယူပါ။ဆေးလိပ်အရက်တက်နိုင်ရင်ရှောင်ပါ။ ကိုယ့်ကိုယ်ကိုချစ်ပြီးကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်မယ့်အရာလေးတွေလုပ်ဆောင်ပါ။

(၄) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Source : Shutterstock

နေ့စဉ်ခန္ဓာကိုယ် ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန် ၁နာရီလောက်ပေးသင့်ပါတယ်။ နေ့ရက်တိုင်း ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးတာဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကိုယ်လက်လှုပ်ရှားမှုအတွက် လမ်းလျောက်ခြင်း ပြေးခြင်း စက်ဘီးနင်းခြင်း Gym ကစားခြင်းစသည်ဖြင့် မိမိနှစ်သက်ရာလေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။