ဝန်ထမ်းတိုင်းလိုလို အလုပ်ခွင်ရဲ့ ဖိအားတွေကို ခံစားကြရတာသဘာဝပါ။ရာထူးကြီးတဲ့သူပဲဖြစ်စေ ရာထူးငယ်တဲ့ဝန်ထမ်းပဲဖြစ်စေ ထိုက်သင့်တဲ့ စိတ်ဖိစီးမှုတွေကိုတော့ ကြုံတွေ့ကြရပါတယ်။စိတ်ဖိစီးမှုများလို့ အလုပ်ထွက်တယ်ဆိုတာကလည်း ဖြေရှင်းတဲ့နည်းလမ်းတစ်ခုမဟုတ်သလို ဘယ်အလုပ်ကိုပဲ ပြောင်းပြောင်း အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေဆိုတာ ကြုံရမှာဖြစ်ပါတယ်။သင့်အနေနဲ့ အလုပ်မှာစိတ်ဖိစီးမှုများတယ်လို့ ခံစားရတယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) ကျန်းမာရေးကိုမြင့်တင်ပါ

Source :Shutterstock

အလုပ်ခွင်မှာ အချိန်များများပေးရသူတွေအများစုက မိမိခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို လျစ်လျူရှု့မိကြတက်ပါတယ်။တကယ်တော့ ကျန်းမာတဲ့လူနေမှုဘဝရှိခြင်းက အလုပ်ခွင်ရဲ့ ဖိအားတွေကို တိုက်ထုတ်ပေးဖို့ အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။နေ့စဉ် ကျန်းမာစွာစားသုံးမယ် လေ့ကျင်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် ကိုယ်ရောစိတ်ပါကျန်းမာလန်းဆန်းပြီး အလုပ်ခွင်ရဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

(၂) အလုပ်စားပွဲကိုပြင်ဆင်ပါ

Source :Shutterstock

အလုပ်စားပွဲရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကလည်း စိတ်ဖိစီးမှုတွေအပေါ်သက်ရောက်မှုရှိပါတယ်။စာရွှက်စာတမ်းတွေ ပစ္စည်းတွေနဲ့ ရှုပ်ပွလိမ်နေတဲ့အလုပ်စားပွဲက သင့်ကိုပိုပြီးစိတ်ဖိစီးမှုများစေမှာဖြစ်ပါတယ်။ဒါကြောင့် အလုပ်စားပွဲကို သန့်ရှင်းသပ်ရပ်စွာထားပါ။ကိုယ်နှစ်သက်တဲ့ ဓာတ်ပုံလေးတွေ အရုပ်လေးတွေနဲ့ ပန်းအိုးသေးသေးလေးတွေ စတဲ့အရာတွေ ကိုယ့်ရဲ့အလုပ်စားပွဲကိုပြုပြင်မွမ်းမံထားမယ်ဆိုရင် စိတ်ဖိစီးမှုအများကြီးလျော့နည်းသွားစေမှာပါ။

(၃) ကိုယ်ပိုင်အားလပ်ချိန်ထားပါ

Source :Shutterstock

လေ့လာတွေ့ရှိချက်များအရ ဝန်ထမ်း (၈၀) ရာခိုင်းနှုန်းခန့်ဟာ ကိုယ်ပိုင်အားလပ်ချိန်တစ်ခုဖန်တီးပြီး အနားယူခြင်းကြောင့် အလုပ်ရဲ့ ဖိစီးမှုတွေလျော့ကျသက်သာစေတယ်လို့ ဆိုပါတယ်။ဝန်ထမ်းတွေအတွက် ကိုယ်ပိုင်အားလပ်ချိန်ပျောက်ဆုံးနေခြင်းကလည်း စိတ်ဖိစီးမှုများစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ တစ်နေ့တာအချိန်တွေကို အလုပ်ထဲမှာနစ်မြုပ်နေလို့မရပါဘူး။စိတ်ရောကိုယ်ပါအနားယူနိုင်မယ့် အချိန်တစ်ခုသတ်မှတ်ပြီး အလုပ်နဲ့ သက်ဆိုင်တဲ့အရာတွေအကုန်မေ့ကာ ကိုယ်အတွက်သီးသန့် အနားယူတဲ့အချိန်တစ်ခု သတ်မှတ်ထားဖို့အကြံပြုခြင်ပါတယ်။

(၄) မိတ်ဆွေဖွဲ့ပါ

Source :Shutterstock

အလုပ်ခွင်တစ်ခုထဲမှာ အတူတူလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေဖွဲ့ဖိုလိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ခြင်းကလည်း ပျော်ရွှင်တဲ့ အလုပ်ခွင်တစ်ခုဖြစ်စေသလို စိတ်ဖိစီးမှုကိုလည်းလျော့ကျစေနိုင်ပါတယ်။ဒါ့ကြောင်အလုပ်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ လုပ်ဖောက်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင်ကြိုးစားပါ။