ဆေးလိပ်ဖြတ်ပြီပြောတဲ့သူ ၆၀ ရာခိုင်နှုန်းလောက် ဆေးလိပ်ကိုပြန်ပြန်သောက်မိတက်ကြပါတယ်။ ဆေးလိပ်သောက်ခြင်းကမကောင်းဘူးဆိုတာ ကိုယ်တိုင်လက်ခံထားပေမယ့် ပြန်သောက်မိတာပါ။ အခုပြောပြမယ့်အချက်တွေကိုသိထားမယ်ဆိုရင်တော့သင်တကယ်ဆေးလိပ်ဖြတ်ဖို့ ခွန်အားရစေမှာပါ။

Source : The Conversation

ယနေ့ခေတ်မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ဆေးလိပ်ကို စွဲစွဲလန်းလန်းသောက်သုံးလာကြတာကို မြင်တွေ့ရပါတယ်။ အများစုကတော့ ဆေးလိပ်ကိုစိတ်ထွက်ပေါက် တစ်ခုအဖြစ် သောက်သုံးနေကြတာဖြစ်ပြီး ဆေးလိပ်သောက်လိုက်ရင် စိတ်ဖိစီးမှုတွေ ခေါင်းရှုပ်စရာတွေ လျော့ပါးသွားတယ်လို့ ထင်ကောင်းထင်တတ်ကြပါတယ်။

ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးသူသန်းနဲ့ချီ ရှိနေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အဓိကအဆုတ်ကိုထိခိုက်စေပြီး အဆုတ် ၊ နှလုံး၊ အူမကြီးစတဲ့ ကိုယ်တွင်းကလိစာတွေကို ပျက်စီးစေပြီး ကင်ဆာရောဂါဖြစ်နိုင်ချေလည်း ပိုများပါတယ်။ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ တစ်ပတ်အတွင်း သွေးလည်ပတ်မှုကို ပုံမှန်ပြန်ဖြစ်လာစေမှာဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း သိသိသာသာကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Source : BMI Group

ကိုယ်တိုင်ဆေးလိပ်သောက်တတ်ပေမယ့် ဆေးလိပ်သောက်တတ်သူတစ်ယောက်ရဲ့အနီး ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေဟာ ဆေးလိပ်သောက်သူထက်ပိုပြီး ရောဂါဖြစ်နိုင်ချေများပါတယ်။ ဆေးလိပ်သောက်တတ်သူနဲ့ အနားမှာအတူနေရတဲ့ မိသားစု ချစ်ရခင်ရသူတွေ အားလုံးဟာ သူသောက်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို အများဆုံးရှုရှိုက်ရတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကဆေးလိပ်သောက်တတ်ရင် ကိုယ်တစ်ယောက်ထဲ ရောဂါရရုံတင်မကပဲ ကိုယ်ပတ်ဝန်းကျင်ကသူတွေကိုပါ ရောဂါရစေမှာဖြစ်တာကြောင့် ဆေးလိပ်ကိုအခုပဲဖြတ်လိုက်ပါ။

ဆေးလိပ်မှာပါဝင်တဲ့ ဓာတုဆေးဝါးတွေဟာ ခန္ဓာကိုယ်အိုမင်း ရင့်ရော်မှုကို အများကြီးထောက်ပံ့နေတာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အသားအရေမဲခြောက်ကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာရတာဖြစ်ပါတယ်။ အသက်အရွယ်တူညီတဲ့ ဆေးလိပ်သောက်သူတစ်ယောက်နဲ့ ဆေးလိပ်မသောက်သူနှစ်ယောက်ကို ယှဉ်ကြည့်တဲ့အခါ ဆေးလိပ်သောက်သူဟာ သိသိသာသာ ရင့်ရော်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာအခုချိန်စပြီး ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ နောက်တစ်လတိတိကြာတဲ့အခါ အရင်လိုနုပျိုလန်းဆန်းမှုတွေကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

Source : Medical News Today

ဆေးလိပ်သောက်သူတစ်ယောက်ရဲ့ အင်္ကျီ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း ၊ အိပ်ယာ ၊ အိမ်ခန်း ၊ ကား အစရှိသဖြင့် သူနဲ့ ပတ်သက်တဲ့ အရာအားလုံးမှာ ဆေးလိပ်အနံ့တွေ စွဲကပ်နေတတ်ပါတယ်။ ဒီလိုအနံ့ဆိုးတွေဟာ ဆေးလိပ်သောက်သူအတွက်တော့ အသားကျနေပေမယ့် တခြားသူတွေအနေနဲ့တော့ အထင်သေးစရာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် အနံ့အသက်ဆိုးတွေကင်းစင်ပြီး လန်းဆန်းနေမှာဖြစ်ပါတယ်။

ဆေးလိပ်သောက်တယ်ဆိုတာ တကယ်တော့ ကိုယ်ရဲ့ ပိုက်ဆံကိုမီးရှို့ပြီး ကိုယ်တိုင် ရောဂါတွေကို ခံယူနေတာဖြစ်ပါတယ်။ အကယ်၍တစ်နေ့ကို ဆေးလိပ်တစ်ဗူး သောက်မယ်ဆိုရင် တစ်လကို ဗူး (၃၀) ၊ တစ်နှစ်ကို ဆေးလိပ်ဗူးပေါင်း (၃၆၀) ကုန်မှာ ဖြစ်ပါတယ်။ ပျှမ်းပျှ တစ်ဗူးကို မြန်မာငွေ ၂၀၀၀ ကျပ်ဆိုပါစို့။ တစ်နှစ်မှာကိုယ့်ရဲ့ ဆေးလိပ်ဖိုးက ၇ သိန်းကျော် ကျသင့်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ပိုက်ဆံလည်း အများကြီး ပိုစုမိလာမှာဖြစ်ပါတယ်။