တစ်လတစ်လဝင်ငွေနဲ့ ထွက်ငွေမမျှလို့ စိတ်ညစ်နေပြီလား။ အခုလိုလာကုန်ခါနီးရက်တွေဆို ငွေကြေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ တစ်လတာအသုံးစရိတ်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ နည်းလမ်းကောင်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။
(၁) လျှပ်စစ်မီးအသုံးပြုမှုလျော့ချပါ
Source : Shutterstock
လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုခြင်းအတွက်ကျသင့်တဲ့ မီတာခရဲ့ ထွက်ငွေက တစ်လတာအသုံးစရိတ်တွေထဲမှာ အကြီးမားဆုံးထွက်ငွေတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် အဲယားကွန်း ရေခဲသေတ္တာ တီဗီနှင့် တခြားသောလျှပ်စစ်မီးအသုံးပြုမှုတွေကို တက်နိုင်သလောက်လျော့ချထားပါ။ မလိုအပ်ပဲဘဲ မီးတွေဖွင့်ထားတာ အဲယားကွန်နဲ့ ရေခဲသေတ္တာကို ၂၄ နာရီဖွင့်ထားတာစတဲ့အချက်တွေကိုရှောင်ကျဉ်သင့်ပါတယ်။
(၂) လစဉ်ကြေးပေးသွင်းရတဲ့ဝန်ဆောင်မှုတွေရပ်လိုက်ပါ
Source : Shutterstock
တစ်ခါတစ်လပေးသွင်းရတဲ့ လစဉ်ကြေးဝန်ဆောင်မှုတွေကလည်း ဝင်ငွေကိုထိခိုက်စေတဲ့အရာတွေဆိုတာ သိထားဖို့လိုပါတယ်။ ကိုယ့်အတွက်တကယ် အသုံးဝင်တဲ့အရာတွေအတွက် ကုန်ကျရတာက ကိစ္စမရှိပေမယ့် ဖုန်း Ringtune ဝင်ဆောင်မှုတွေ သတင်းစာဂျာနယ်ဝန်ဆောင်မှုတွေ တခြားသော အသင်းဝင်ကြေးတွေက တကယ်မရှိမဖြစ်လိုအပ်တဲ့အရာတွေမဟုတ်တာကြောင့် အကယ်၍ဒါမျိုးတွေကို ဝန်ဆောင်မှုယူထားမိရင် ရပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။
(၃) မလိုအပ်တဲ့တကိုယ်ရေသုံးပစ္စည်းများဝယ်ယူမှုကိုလျော့ချပါ
Source : Shutterstock
လစဉ်လတိုင်း အင်္ကျီအဝတ်အစားအသစ်တွေဝယ်ယူနေမိပြီလား။ ဖိနပ်လှလှလေးတွေမြင်တိုင်း လိုချင်နေမိပြီးလား။ အလှအပရေးရာပစ္စည်းတွေကို အများကြီးဝယ်နေမိပြီလား။ဒါဆိုရင်တော့ ဒီအရာတွေအားလုံးကိုလျော့ချပစ်ဖို့လိုအပ်ပါတယ်။ ကိုယ်အတွက်တကယ်မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေလွဲရင် လှလို့ Discount ချတုန်းတန်လို့ စသည်တဲ့အကြောင်းပြချက်တွေနဲ့ စိတ်အလိုလိုက်ပြီး ဝယ်ယူမိတဲ့အလေ့အကျင့်တွေကို ပြောင်းလဲပစ်ဖို့လိုပါတယ်။
(၄) ကိုယ်တိုင်ချက်ပြုတ်စားပါ
Source : Shutterstock
အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားသောက်တာဟာ ဝင်ငွေထိခိုက်မှုလည်းနည်းသလို အာဟာရနဲ့ ကျန်းမာရေးအတွက်လည်း စိတ်ချရပါတယ်။ ကိုယ်က အမြဲလိုလိုအပြင်ထွက်စားနေသူတစ်ယောက်လား အိမ်မှာချက်စားဖို့ပျင်းနေလား ဒါဆိုရင်တော့ သင့်ရဲ့ ဝင်ငွေကလည်း အများကြီးကိုနေ့စဉ်ထွက်နေမှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ ကိုယ်စားချင်တဲ့အစားအစာတွေကို သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးညီညွှတ်စွာချက်ပြုတ်စားသောက်ဖို့ အကြံပြုချင်ပါတယ်။
(၅) အသုံးမလိုတဲ့ပစ္စည်းတွေရောင်းထုတ်လိုက်ပါ
Source : Shutterstock
တစ်ချို့က ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး သံယောဇဉ်တွယ်နေတက်ကြပါတယ်။ တကယ်ပဲကိုယ့်အတွက် အသုံးမလိုသလို အိမ်မှာလည်းပိုနေတဲ့ ပစ္စည်းတွေရှိရင်ထုတ်သာရောင်းလိုက်ပါ။ အိမ်လည်းရှင်းသလို ဝင်ငွေလည်းနည်းနည်းပါးပါးတော့ရလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာချောင်ထိုးထားရတဲ့ ပစ္စည်းတွေရှိရင် သံယောဇဉ်မတွယ်ပါနဲ့ ရောင်းသာထုတ်လိုက်ပါ။