ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားတယ်ဆိုတာ အမျိုးကောင်းသားတို့ရဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။တကယ်တော့ ကိုယ့်ချစ်သူကိုတန်ဖိုးထားတယ်ဆိုတာ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတွေပေးနေမှမဟုတ်ပါဘူး။အခုပြောပြမယ့် အချက်လေးတွေလုပ်ဆောင်မယ်ဆိုရင် ကိုယ့်ချစ်သူကောင်မလေးတန်ဖိုးထားကြောင်းပြရာရောက်ပါတယ်။
(၁) အသေးအမွှားလေးကအစဂရုစိုက်ပါ
Source : Aleteia
မိန်းကလေးတွေဟာ သူတို့ချစ်သူကောင်လေးရဲ့ ဂရုစိုက်မှုကို အပြည့်မဝလိုချင်ကြတာဖြစ်ပါတယ်။သင့်အနေနဲ့ သူမနဲ့ ပတ် သက်သမျှအရာတိုင်းကို ဂရုစိုက်ပေးမယ်ဆိုရင် သူမကိုတန်ဖိုးထားကြောင်းပြရာရောက်စေပါတယ်။ဥပမာ မနက်အိပ်ယာနိုး တာတဲ့ စာတို Sms ပေးပို့တာမျိုး အားလပ်ချိန်တိုင်းကောင်မနဲ့ အတူအချိန်ကုန်ဆုံးတာမျိုး ကိုယ်ဘက်ကစပြီး သတိတရဖုန်းဆက်တာမျိုးစသည့်ဖြင့်လုပ်ဆောင်ပေးသင့်ပါတယ်။
(၂) ရင့်သီးတဲ့စကားတွေမပြောမိပါစေနဲ့
Source : Zoosk
ယောကျာ်းလေးတွေအနေနဲ့ တစ်ခါတစ်လေမှာ အလုပ်ပင်ပန်းလို့ဖြစ်စေ စိတ်ရှုပ်နေတဲ့အချိန်ဖြစ်စေ ချစ်သူကောင်မလေးဘက်ကရစ်မိတာ ဆိုးမိတာလေးတွေရှိလာတဲ့အခါ စိတ်ရှုပ်ပြီး ရင့်သီးတဲ့စကားတွေနဲ့တုန့်ပြန်မိကြပါတယ်။တကယ်တော့ ဘယ်လောက်ပဲစိတ်ရှုပ်စရာကြုံနေရပါစေ အကျိုးအကြောင်းအရင်းရှင်းပြပါ။ကိုယ့်ရဲ့အဆင်မပြေမှုတွေကိုရောချပြီး သူမအပေါ် ရင့်သီးတဲ့စကားတွေမပြောမိပါစေနဲ့။
(၃) လိမ်လည်လှည့်ဖျားတာမျိုးရှောင်ကျဉ်ပါ
Source : The Independent
မိန်းကလေးတွေအမုန်းဆုံးကသူတို့ကိုလိမ်ညာတာပါပဲ။ကိုယ့်ချစ်သူကောင်မလေးကိုတကယ်ချစ်ရင် ဘယ်လိုကိစ္စမျိုးကိုမဆို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။လိမ်ညာမုသားတွေပါလာရင် ကိုယ့်အပေါ်မှာယုံကြည်မှုရှိတော့မှာမဟုတ်သလို တန်ဖိုးမထားလို့ လိမ်ညာတာဆိုပြီးလည်း ကောက်ချက်ချသွားနိုင်ပါတယ်။ ဒါကြောင့်သေးသေးမွှားမွှားကိစ္စရော ကြီးကြီးမားမားကိစ္စတွေမှာပါ လိမ်လည်လှည့်ဖျားတာမျိုးလုံးဝရှောင်ကျဉ်သင့်ပါတယ်။
(၄) အမှတ်တရဖြစ်စရာအရာအားလုံးမှတ်မိနေပါစေ
Source : Lukas Leonte
ချစ်သူကောင်မလေးနဲ့ ပတ်သတ်ပြီးအမှတ်တရဖြစ်စရာအရာအားလုံး မှတ်မိနေရင်တော့ သူမကိုတန်ဖိုးထားတယ်ဆိုတာမပြောပြလဲ သိနေမှာပါ။ဥပမာကောင်မလေးနဲ့ စတွေ့တဲ့ နေရာမျိုး စတွေ့တုန်းကဘာဝတ်ထားတာ သူမပြောပြဖူးတဲ့သူမရဲ့ အကြောင်းအရာလေးတွေ သူမရဲ့ မွေးနေ့ Date စသည့်ဖြင့် သူမနဲ့ ပတ်သတ်တဲ့အရာလေးတွေကို သတိတရမှတ်မိစေမယ် ဆိုရင် သင့်အနေနဲ့ သူမကိုတန်ဖိုးထားတယ်ဆိုတာရာနှုန်းပြည့် ပေါ်လွင်နေမှာဖြစ်ပါတယ်။




