ကွီးတို့ရေ…အပြင်သွားခါနီးကျရင် ချွေးနံ့တွေကြောင့် လူကြားထဲမှာ အနံ့ဆိုးထွက်ပြီး အရှက်မကွဲရအောင် ရေမွှေးဆွတ်တတ်ကြလားဗျ။ ရေမွှေးဆွတ်တာက တစ်ချက် နှစ်ချက် ဆိုရင် ပြီးပြီဆိုပေမယ့် ဒီလိုမြန်မြန်လုပ်တာက တစ်နေကုန်အနံ့မစွဲစေပါဘူး။

ဒီလိုအနံ့ပျယ်သွားပြီဆိုရင် လူကြားထဲမှာနေရတာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတော့မှာမဟုတ်သလို အပြင်ကိုလည်း ရေမွှေးပုလင်းကြီး အမြဲသယ်သွားလို့မရတာကြောင့် သိထားသင့်တဲ့ ရေမွှေးနည်းမှန်လမ်းမှန်ဆွတ်ခြင်းကို ပြောပြလိုက်ပါတယ်နော်။

၁။ ရေချိုးပြီးလို့ ရေသုတ်ပြီးသွားတဲ့အခါ အသားပေါ်ကို တိုက်ရိုက်ဖြန်းပေးလိုက်ပါ။ ချွေးပေါက်တွေပွင့်သွားပြီး အနံ့ကိုလည်း ပိုပြီးကောင်းမွန်စွာ စုပ်ယူနိုင်မှာဖြစ်ပါတယ်။

၂။ ရေမွှေးဖြန်းတဲ့အခါမှာလည်း ခန္ဓာကိုယ်ကနေ ၃ ပေ ၆ ပေလောက် ခွာပြီး ဖြန်းပေးပါ။ ဒီလိုခွာပြီးဆွတ်ပေးခြင်းက သင့်တင့်လျောက်ပတ်တဲ့ ရေမွှေးပမာဏကို ရရှိစေမှာပါ။

၃။ တတိယအချက်ကတော့ ခန္ဓာကိုယ်အနှံ့က ပူတတ်ပြီး ချွေးထွက်တတ်တဲ့ နေရာတွေမှာ ဖြန်းပေးပါ။ လည်ပင်း၊ ရင်ဘတ်၊ အကြောနေရာတွေနဲ့ လက်ဖျံတို့လို နေရာတွေဖြစ်ပါတယ်။ တစ်ခါတည်းနဲ့ နေရာတွေအကုန်လုံးကို မဖြန်းဘဲနဲ့ တစ်နေရာချင်းစီကို အေးအေးဆေးဆေးဖြန်းပေးပါ။

ရေမွှေးဖြန်းတဲ့အခါမှာလည်း သတိထားရမယ့် အချက်တွေကတော့

ရေမွှေးကို အသားထဲမပွတ်လိုက်မိပါစေနဲ့။ ဒီလိုပွတ်မိတာက အသားအရေအဆီတွေနဲ့ ရောထွေးသွားနိုင်ပါတယ်။

ရေမွှေးကို လေထဲဖြန်းထုတ်လိုက်ပြီး လူဖြတ်လျှောက်ဖို့ မစဉ်းစားပါနဲ့။ အကုန်လုံးကြမ်းပြင်ပေါ်သာ ကျသွားနိုင်ပါတယ်။

အဝတ်အစားတွေပေါ် မဖြန်းပါနဲ့။ အနံ့ပျယ်လွယ်ပါတယ်။