လူတွေဟာ နေ့စဉ် ရှင်သန်ရင်း လှုပ်ရှားရုန်းကန်ရင်းနဲ့ ကိုယ့်ရဲ့ နေ့ စဉ်ဘဝပေါ် မကျေနပ်မိတာတွေ ကြုံဖူးကြမှာပါ။ ငွေရှာတယ် ၊ အလုပ်လုပ်တယ်ဆိုတာကလည်း ကိုယ့်ဘဝကိုယ့်အခြေအနေကို ပိုကောင်းစေချင်တဲ့ စိတ်အခံက ပိုပြီး သာမယ်လို့ တောင် ပြောနိုင်ပါတယ်။ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ပိုကောင်းအောင် လုပ်ဖို့ ဆိုတာ သိပ်အခက်ကြီးတော့လည်း မဟုတ်ပါဘူး။

(၁) တိရစ္ဆာန်လေးတွေ မွေးပါ

Source: Washington Post

အလုပ်များလွန်းတဲ့ သူတွေ အိမ်မွေးတိရစ္ဆာန်မွေးဖို့ နေရာ မပေးနိုင်သူတွေအတွက် ဒီလို လုပ်ဖို့ ခက်ပေမယ့် ကြောင်လေး ၊ ခွေးလေးတွေ မွေးထားတဲ့သူတွေဟာ စိတ်ချမ်းသာတတ်ပါတယ်။ မေတ္တာထားစရာတစ်ခုခု ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေရင် လူဟာ ပိုပြီး ကိုယ်ချင်းစာတရားနဲ့ နီးတတ်တော့ အကောင်းတွေ ပိုလုပ်ဖြစ်မှာပါ။

(၂) အလှူပြုတာ

Source: Social Psych Online

ကုသိုလ်ကောင်းမှုဟာ ဘယ်ဘာသာမှာမဆို အရေးပါတဲ့ သူတော်ကောင်းတရား ဖြစ်ပါတယ်။ စိတ်ထား ဖြူစင်စေတဲ့ အကြောင်းတရားလည်း ဖြစ်တာကြောင့် တတ်နိုင်သမျှ အများအကျိုးပြု လုပ်ငန်းတွေမှာ လှူဒါန်းသင့်ပါတယ်။

(၃) လုပ်အားပေး တာဝန်ထမ်းဆောင်တာ

Source: Shutterstock

ပရဟိတနဲ့ အများကောင်းဖို့ လုပ်ကြတဲ့ အလုပ်တွေမှာ လုပ်အားပေးအဖြစ် ပါတဲ့သူတွေဟာ တကယ့် လူရာဝင်တဲ့ သူတွေပါ။ သူတို့ ဟာ လူတွေရဲ့ အရေးအရာထဲမှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဝင်ပါနေကြတာကြောင့် ဖြစ်ပါတယ်။

(၄) မိတ်ဆွေတွေနဲ့ စကားစမြည်ပြောတာ

Source: Center for Health Care Services

ဘယ်လောက် အလုပ်ရှုပ်ရှုပ် မိတ်ဆွေတွေနဲ့ မကြာခဏ ဆုံဆည်းကြပြီး စကားနှီးနှောဖလှယ်ကြတာဟာ စိတ်လည်း ချမ်းမြေ့ဖို့ ကောင်းသလို တစ်ကိုယ်တည်းလည်း အထီးကျန်စေမှာ မဟုတ်ပါဘူး။ လူ့ ဘဝကို နေပျော်စေတဲ့ အကြောင်းတစ်ခုက မေတ္တာရှိတဲ့ ချစ်စရာ လူ့ အဖွဲ့ အစည်းတစ်ခု ဖွဲ့ စည်းထားတယ်ဆိုတဲ့ အသိပါပဲ။

(၅) သဘာဝကို ချစ်တဲ့ စိတ်နဲ့ နေထိုင်တာ

Source: pixabay

သစ်ပင်တောတောင်ကို ချစ်တတ် ၊ စောင့်ရှောက်တတ်တယ်ဆိုတာ လူရဲ့ ပင်ကိုယ်စရိုက်ထဲမှာ ပါပါတယ်။ ဂေဟစနစ်ရဲ့ အရေးကြီးမှု ကွင်းဆက်ကို သိတဲ့ စိတ်နဲ့ နေတာဟာ ပိုပြီး ကောင်းမွန်တဲ့ ဘဝကို လျှောက်နေတာပါပဲ။ ဘယ်ပစ္စည်းကိုမဆို လိုတာထက် ပိုမသုံးဘဲ လျှော့သုံးကြဖို့ ၊ ထပ်တလဲလဲ သုံးဖို့ နဲ့ ပြန်ပြီး အသုံးပြုနိုင်စေဖို့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ထားပါ။
ဒါဟာ ကိုယ်ဖြတ်သန်းရာ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းစေနိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။