တချို့နေ့တွေဆို အလိုလိုနေရင်း ထိုင်းမှိုင်းနွမ်းနယ်သလို ခံစားနေကြပါလိမ့်မယ်။ အိပ်ချင်သလိုလို မလှုပ်ချင်မကိုင်ချင် ဖြစ်နေရတာ အတော်ဆိုးပါတယ်။ အလုပ်လုပ်ရင်းနဲ့ ထိုင်းမှိုင်းငြီးငွေ့နေပြီဆိုရင် စိတ်လက်ရွှင်လန်းစေဖို့ အခုပြောမယ့် နည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၁) ကဖိန်း

Photo: Freepik

ကဖိန်းဓါတ်ပါတဲ့ ကော်ဖီ ၊ လက်ဖက်ရည် နဲ့ Energy Drink တစ်မျိုးမျိုးက အမြန်စိတ်ကြည်လင်စေအောင် စွမ်းဆောင်နိုင်ပါတယ်။ ကဖိန်းဟာ နိုးကြားတက်ကြွပြီး အာရုံစူးစိုက်မှုနုဲ့ စွမ်းအင်တက်လာဖို့ တွန်းအားပေးတဲ့ Psychoactive Stimulant တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးအမြင်အရ ပြောမယ်ဆိုရင်တော့ ကဖိန်းဟာ အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ပါဘူး။

(၂) ပီကေ

Photo: Freepik

ပီကေဝါးနေရင်လည်း လူလန်းပါတယ်။ အကြောင်းက ပီကေဝါးနေချိန်မှာ မျက်နှာပြင်ကြွက်သားတွေကို နှိုးဆွလိုက်သလို ဖြစ်ရာကနေ ခေါင်းထဲ သွေးစီးဆင်းမှု ပိုတိုးလာလို့ ဖြစ်ပါတယ်။

(၃) လေ့ကျင့်ခန်း

Photo: Freepik

ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေရင် ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခုလောက် ကစားပေးဖို့ အကြံပြုချင်ပါတယ်။ အနည်းဆုံး မိနစ်အနည်းငယ်ကြာအောင် လမ်းလျှောက်မယ် ၊ အကြောလျှော့မယ်ဆိုရင်တောင် သိသိသာသာ လန်းဆန်းသွားပါလိမ့်မယ်။

(၄) သီချင်းနားထောင်ခြင်း

Photo: Freepik

အသံတွေက ကျွန်တော်တို့ကို နိုးကြားစေအောင် စွမ်းဆောင်နိုင်ပါတယ်။ တက်ကြွကျယ်လောင်တဲ့ သီချင်းသံတွေ နားထောင်ရင်လည်း ဦးနှောက်ရဲ့ အသံပိုင်း နှိုးဆွမှုအားကောင်းလာပြီး တက်ကြွလန်းဆန်းလာနိုင်ပါတယ်။ ဒါကြောင့် ပျင်းပြီး ငိုက်လာရင် နားကြပ်လေးတပ်ပြီး သီချင်းတစ်ပုဒ်လောက် နားထောင်ကြည့်သင့်ပါတယ်။