အိမ်မှာနေရင်း အလုပ်လုပ်တဲ့လူတွေမှာ ကျန်းမာရေးနဲ့ပက်သတ်ပြီး ပြဿနာတွေများစွာဖြင့် ရင်ဆိုင်ရတက်ပါတယ်။ လူမှုရေးမှာတက်တက်ကြွကြွမရှိတော့တာ၊ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်တာလိုမျိုး လုပ်ငန်းခွင်စွမ်းရည်မြှင့်တင်ရေးရှုထောင့်အရ မသင့်လျော်တဲ့အနေအထားနဲ့ အလုပ်လုပ်တာတွေဟာ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။

ဒီနေ့ kwee page က Work from home အလုပ်လုပ်တဲ့လူတွေအတွက် ကျန်းမာစွာဘယ်လိုနေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

မိမိအလုပ်လုပ်မည့်နေရာ သီးသန့်ပြုလုပ်ထားပါ

Source: ZDNet

အိမ်ထဲမှာ အလုပ်လုပ်ဖို့သီးသန့်နေရာလွတ်တစ်ခုကိုဖန်တီးပါ။ အိပ်ရာဆိုတာ အိပ်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်။ အလုပ်တွေကို အိပ်ရာထဲ သယ်လာတာဟာ ကိုယ့်ရဲ့အနားယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အခန်းကျဉ်းလေးတစ်ခုထဲမှာနေထိုင်သူဖြစ်ရင်တောင် စားပွဲ တစ်လုံး၊ ခုံတစ်လုံးချပြီး နေရာသတ်မှတ်ထားသင့်ပါတယ်။

အချိန်အကြာကြီး မထိုင်ပါနဲ့

Source: Croissant Blog

ထိုင်ခုံပေါ်မှာပဲ တစ်နေကုန်ထိုင်နေခြင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့ကြောင့် တစ်နာရီကြာတိုင်းသတိပေးပြီး အကြောထဆန့်နိုင်ဖို့ နှိုးစက်ပေးထားပါ။ အပြင်ခဏထွက်တာ၊ အိမ်နားတဝိုက် လမ်းပတ်လျှောက်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ပန်းကန်ဆေးတာ စသဖြင့် ကိုယ်လက်လှုပ်ရှားမူလေးတွေ လုပ်ပေးပါ။

မီးဖိုချောင်ထဲ မကြာခဏဝင်ခြင်းကို ရှောင်ပါ

Source: The Seattle Times

အိမ်အလုပ်ခန်းထဲကို ယူမယ့် အစားအသောက်တွေကို လိုအပ်သလောက်ကိုပဲ သေချာစီစဉ် တွက်ချက်ထားပါ။ တတ်နိုင်သလောက် မိးဖိုချောင်ခဏခဏဝင်ခြင်းကိုရှောင်ပါ။ အလုပ်လုပ်နေတဲ့နေရာကို မုန့်တွေ၊ ထမင်းဟင်းတွေ တခါတည်းတွက်ယူပြီး စားပါ။

ရေကိုလုံလောက်စွာသောက်ပေးပါ

Source: AAA Water Systems

တစ်နေ့တာလုံး ရေ (သို့) ရေနွေးကြမ်း သောက်ပေးတာက ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစေတဲ့အပြင် ဗိုက်ပြည့်သလိုခံစားရစေတာကြောင့် တခြားမလိုအပ်တဲ့ ကယ်လိုရီတွေကို မစားမိတော့ပါဘူး။ ဒီလိုလုပ်ခြင်းဖြင့် ဝိတ်တက်လာခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။

အိပ်ချိန်မှန်အောင်ဂရုစိုက်ပါ

Source: jedennews

အိမ်ကနေအလုပ်လုပ်တာဟာ နေ့စဉ်ရုံးကိုအသွားအပြန်လုပ်ရတဲ့ တစ်နာရီလောက်အချိန်ကို သက်သာစေတာကြောင့် မနက်အစောကြီးမထဘဲ ပုံမှန်အချိန်မှအလုပ်စလုပ်တာကောင်းပါတယ်။  ညဘက်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေဆီကအလင်းနဲ့ထိတွေ့မှုနဲ့ အအိပ်နောက်ကျမှု ပေါင်းလိုက်ရင် အိပ်စက်ခြင်းအတွက် ပြဿနာရှိလာစေပါတယ်။ အိပ်ရေးပျက်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အလုပ်လုပ်နိုင်ဖို့စွမ်းဆောင် ရည်ကျဆင်းစေခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ချိန်ကို ဂရုစိုက်ပေးသင့်ပါတယ်။