တက်ကြွရွှင်လန်းစွာ နေထိုင်ခြင်းဟာ တစ်နေ့တာကို အကျိုးများစေတဲ့ လူနေမှုပုံစံဖြစ်ပါတယ်။ကျန်းမာရေးအရရော လူမှုရေးအရပါ တက်ကြွနိုးကြားစွာ နေထိုင်သူဟာ သူများတွေထက် ပိုပြီး စိတ်ရောကိုယ်ပါ ချမ်းသာရပါတယ်။
ဖျတ်လတ်တက်ကြွဖို့အတွက် အရေးကြီးတာတစ်ခုက တစ်နေရာတည်းမှာ အကြာကြီး မထိုင်မိဖို့ပါပဲ။ မငြီးငွေ့ဖို့နဲ့ အမြဲနိုးကြားတက်ကြွနေဖို့အတွက် အထောက်အကူဖြစ်မယ့် အလုပ်လေးတွေ ရှိပါတယ်။ ဒီအလုပ်လေးတွေကတော့ နေ့စဉ်ဘဝမှာ လွယ်လင့်တကူလုပ်နိုင်သလို ထိရောက်မှုလည်း ရှိတဲ့ အလုပ်လေးတွေ ဖြစ်ပါတယ်။
(၁) လမ်းလျှောက်ခြင်း

Photo: Freepik
လမ်းလျှောက်ခြင်းဟာ စိတ်ကို တည်ငြိမ်ကြည်လင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ အလုပ်ကို လမ်းလျှောက်သွားတာ ၊ အလုပ်တွေ ပိပြီး ခေါင်းပူနေချိန်မှာ လမ်းလေးလျှောက်ပြီး အသက်လေး ဘာလေးရှုလိုက်ရင် လက်ငင်းကို စိတ်ကြည်သွားတာ သိသာပါတယ်။
(၂) လှေကားတက်ခြင်း

Photo: Freepik
လှုပ်လှုပ်ရှားရှားလုပ်လိုက်ခြင်းဟာ စိတ်ခံစားမှုပါ ပြောင်းသွားစေပါတယ်။ လှေကားတက်တာလိုမျိုး လုပ်မယ်ဆိုရင် ကယ်လိုရီကျဆင်းစေပြီး လူပါ ပိုပြီး သွက်သွက်လက်လက် ဖြစ်လာပါလိမ့်မယ်။
(၃) ကခုန်ခြင်း

Photo: Freepik
သံစဉ်နဲ့အညီ တစ်ကိုယ်လုံး ရမ်းခါပြီး ကခုန်လိုက်မယ်ဆိုရင် လူလည်း တက်ကြွသွားသလို စိတ်ပါ ပေါ့ပါး လွတ်လပ်သွားတာ ခံစားရစေမှာပါ။ ကခုန်ခြင်းဟာ လှေကားတက်ခြင်း ၊ စက်ဘီးစီး ၊ လမ်းလျှောက်ခြင်းလိုပဲ ကယ်လိုရီတွေ ကျဆင်းဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၄) ယောဂ

Photo: Freepik
ယောဂဟာ အကြောအချဉ်တွေ ပျော့ပြောင်းစေတဲ့အပြင် ရွှင်လန်းတက်ကြွစေဖို့ပါ အကူအညီပေးပါတယ်။ ယောဂကစားနည်းတွေ အများကြီး ရှိပါတယ်။ ကိုယ်နှစ်သက်ရာ ယောဂလေ့ကျင့်ခန်းတွေကို စိတ်ငြီးငွေ့လာတိုင်း ကစားပေးသင့်ပါတယ်။
