ယနေ့ခေတ်မှာ လူတွေရဲ့ အချိန်တော်တော်များများမှာ ဖုန်းတွေကနေရာယူထားပါတယ်။ စမတ်ဖုန်းတွေကနေ သတင်းအချက်အလက်တွေ အသိပညာဗဟုသုတတွေများစွာရှာဖွေနိုင်တယ်ဆိုပေမယ့် ပုံမှန်ထက်ပိုပြီး အိုင်တီပစ္စည်းတွေကိုအသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးကိုဆိုးရွှားစွာထိခိုက်စေတာကြောင့် ဒီနေ့မှာတော့ စမတ်ဖုန်းအသုံးပြုခြင်းကို ရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်းတွေပြောပြပေးချင်ပါတယ်။

ဖုန်းသုံးချိန်ကိုကန့်သတ်ပါ

Young handsome man in headphones using smartphone and looking away

Photo : Freepik

တစ်နေ့တာအတွက် ဖုန်းသုံးမယ်အချိန်ကို သီးသန့်ခွဲထားပါ။ကိုယ်ရဲ့ ရည်ရွှယ်ချက်က အချိန်တိုင်းဖုန်းသုံးနေခြင်းကို ရပ်တန့်ဖို့ဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ အချိန်အတိုင်းလိုက်နာဖို့ အရေးကြီးပါတယ်။အခုနောက်ပိုင်ဖုန်းတွေမှာ ဖုန်းအသုံးပြုတဲ့အချိန်တွေကိုမှတ်သားထားပေတဲ့ အက်ပလီကေးရှင်းများ ထည့်သွင်းလို့ရလာပါတယ်။ တစ်နေ့တာမှာ ကိုယ်ဘယ်လောက်အချိန်အတိုင်းအတာအထိ ဖုန်းသုံးမယ်ဆိုတာသတ်မှတ်ပြီး သတ်မှတ်ချိန်ထက်ကျော်လွန်ပါက သတိပေးတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ဒီလိုနည်းနဲ့ ကိုယ်ရဲ့တစ်နေ့တာဖုန်းသုံးချိန်တွေကို ကန့်သတ်နိုင်ပြီဖြစ်ပါတယ်။

ဖုန်းမကိုင်ခင်အရင်စဉ်းစားပါ

African american man using phone while sitting in kitchen

Photo : Freepik

သင်အနေနဲ့ မနက်မိုးလင်းလို့အိပ်ယာနိုးတာနဲ့ ဖုန်းကိုင်တော့မယ်ဆိုရင် ခဏတာလောက် တစ်ချက်ပြန်လည်စဉ်းစားကြည့်ပါ။ အလုပ်က အီးမေးလ်တွေစစ်ဖို့လား မဖြစ်မနေအရေးကြီးတဲ့ဖုန်းခေါ်ဆိုမှုလုပ်ရမှာလား စသည်ဖြင့် ဖုန်းကိုင်ရမယ့်အကြောင်းပြချက်တစ်ခုခုကိုစဉ်းစားကြည့်ပါ။အကယ်၍ သင်မှာသာ ဘားမှအကြောင်းပြချက်မရှိဘဲ ဖုန်းဖွင့်မယ်ဆိုရင်တော့ ဒါဟာမှားယွင်းတဲ့အနေအထားတစ်ခုလို့ ပြောလို့ရပါတယ်။မဖြစ်မနေဖုန်းသုံးရမယ့် အကြောင်းအရာမရှိရင် စိတ်အလိုလိုက်ပြီး ဖုန်းမကိုင်မိအောင် ကိုယ့်ကိုယ်ကို သတိပေးပါ။

စာအုပ်တွေနဲ့ အစားထိုးပါ

Cropped shot of seo using smartphone at workplace

Photo : Freepik

အရင်က တစ်ရက်ကို ၆ နာရီဖုန်းသုံးတယ်ဆိုရင် အခုချိန်ကစပြီး ၃ နာရီလောက်ကို စာအုပ်တွေနဲ့ အစားထိုးလိုက်ပါ။ ဖုန်းသုံးမယ့် အချိန်တွေမှာ စာဖတ်ခြင်းအားဖြင့် သင့်ရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ရုံသာမက အသိပညာဗဟုသုတများလည်း ရရှိစေမှာဖြစ်ပါတယ်။စာဖတ်ခြင်းက အပျင်းလည်းပြေစေသလို ဗဟုသုတလည်းအများကြီးရစေတာကြောင့် ဖုန်းတွေနေရာမှာ စာအုပ်တွေကို အစားထိုးအသုံးပြုဖို့ အကြံပြုချင်ပါတယ်။

အိပ်ခါနီးဖုန်းသုံးခြင်းကိုရှောင်ပါ

Positive shirtless man using smartphone in bedroom at home

Photo : Freepik

လူအများစုရဲ့ ဖုန်းအသုံးပြုမှုအများဆုံးအချိန်က ညဘက်တွေလိုဆိုနိုင်ပါတယ်။ တစ်နေ့တာ အလုပ်တွေရုံးတွေကျောင်းတွေမှာအချိန်ကုန်နေရတာကြောင့် ညဘက်အိမ်ပြန်ရောက်တဲ့အခါမှာ ဖုန်းတွေကိုအတိုးချအသုံးပြုကြတာဖြစ်ပါတယ်။ဆိုးတာတစ်ခုက ညဘက်ချိန်တွေမှာဖုန်းတွေကနေရာယူထားတာကြောင့် ညဉ့်နက်တဲ့အထိ ဖုန်းတွေကိုအသုံးပြုဖြစ်နေကြပြီး အိပ်စက်ချိန်တွေလျော့နည်းကာ ကျန်းမာရေးထိခိုက်လာကြတာဖြစ်ပါတယ်။ဒါကြောင့် ညအိပ်ခါနီးအချိန်တွေမှာဖုန်းတွေကိုပိတ်ထားလိုက်ပါ။အနည်းဆုံးအိပ်ချိန်နဲ့ (၂) နာရီခန့်ခွာပြီး ဖုန်းအသုံးပြုခြင်းကို ရပ်တန့်လိုက်ဖို့ အကြံပြုချင်ပါတယ်။