မိမိအား ပြန်မချစ်နိုင်တဲ့သူကို မျှော်လင့်စောင့်စားနေရတာဟာ အချိန်ကုန်လူပင်ပန်းပါတယ်။ မပျော်မရွှင်ဖြစ်ရသလို စိတ်ကျေနပ်မှုလည်း မရှိတာကြောင့် စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီလိုခံစားချက်မျိုးကို မြန်နိုင်သမျှမြန်မြန် ထုတ်ပစ်ဖို့လိုအပ်ပါတယ်။
ဒီနေ့ kwee page က ကိုယ့်ကိုပြန်မချစ်နိုင်တဲ့ လူကို မေ့ပစ်ဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးသွားမှာပါ။
အာရုံလွှဲပါ

Source: The Modern Man
အမြင်အာရုံနဲ့ စိတ်အာရုံကနေ ထုတ်ပစ်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ကိုပြန်မချစ်နိုင်တော့တဲ့ လူတစ်ယောက်ကို မေ့ပစ်ဖို့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ တက်နိူင်သမျှ သူနဲ့ဝေးဝေးမှာ နေပေးပါ။
သူနဲ့ ဝေးဝေးမှာ နေဖို့အဆင်မပြေဘူးဆိုရင်တော့ အတွေးထဲကနေသူ့ကို ထုတ်ပစ်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့အတွေးအာရုံကို ကိုယ့်ရဲ့ စိတ်ကူးအိပ်မက် တွေဖက်လှည့်ပေးပါ။ ဒီအချိန်မှာ relationship ဆိုတာကြီးကို မေ့ထားလိုက်ပါ။
သင်နဲ့ပြဿနာတူတဲ့လူကို ရှာဖွေပါ

Source: Showbiz Cheat Sheet
ဒီလိုပြဿနာရှိတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ လူတော်တော်များများ ဒီလိုပြဿနာတွေ ကြုံဖူးပါတယ်။ ဒီလို ပြဿနာတွေနဲ့ ကြုံရတဲ့အချိန်မှာ သူတို့ဘယ်လိုရင်ဆိုင် ဖြေရှင်းခဲ့သလဲဆိုတာကိုသိအောင် ကြိုးစားပါ။ ဒါမှမဟုတ် သင့်ရဲ့အနီးကပ်ဆုံး သူငယ်ချင်းတွေကို သင့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါ။ သူတို့အနေနဲ့ သင့်ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်မှာပါ။
မိမိကိုယ်ကို ဂရုစိုက်ပါ

Source: Men’s Health
မိမိကို ပြန်မချစ်နိုင်တဲ့ လူတစ်ယောက်ကို စောင့်မျှော်နေရတာဟာ အလွန်ပင်ပန်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဟာ သင့်ကိုယ်သင် လျစ်လျူ့ရှုလာတက်ပါတယ်။ မိမိကိုယ်ကိုလည်း ဂရုမစိုက်တော့ဘဲ ကျန်းမာရေးပါ ချူချာလာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးတွေမှာ တစ်ချို့တွေက စိတ်သက်သာရာရအောင် ဆေးလိပ်တွေသောက်တက်ကြတယ်။ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး မိမိကိုယ်ကို ဖျက်စီးတက်ကြပါတယ်။ ပြီးတော့ ကိုယ်ချစ်တဲ့သူက ဒီလိုဖြစ်နေတာကို မြင်ရင် ပြန်ချစ်လာမလားဆိုပြီး မျှော်လင့်တက်ကြပါတယ်။ သေချာတာကတော့ သူတို့သင့်ကို ပြန်မချစ်လာပါဘူး။ ဒါကြောင့် မိမိကိုယ်ကို ဖျတ်စီးနေမဲ့အစား သူ့အကြောင်းကို မေ့ပြီးကိုယ့်အတွက်အကျိုးရှိတာကို အာရုံစိုက်ပေးပါ။ အားကစားလုပ်ပါ။ ရုပ်ရည်ကို ပိုပြီးဂရုစိုက်ပေးပါ။ ဆံပင်ပုံစံတွေ ပြောင်းပြီး ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
လေ့ကျင့်ခန်းလုပ်ပါ

Source: Shutterstock
စိတ်ကိုပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းတွေများကြီးရှိပါတယ်။ အထိရောက်ဆုံး နည်းလမ်းတွေထဲကတစ်ခုကတော့ လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းက အဆိုးမြင်ဝါဒကို ဖယ်ရှားပေးနိုင်ပါတယ်။ မနက်တိုင်းထပြေးပါ (သို့) gym သွားပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။ ရေကူးခြင်းကလည်း အထူးသင့်တော်ပါတယ်။ ဒီလိုအားကစားတွေ ပြုလုပ်ပေးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ဓာတ်ခွန်အားလည်း ဖြစ်စေပါတယ်။
