မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ပေးခြင်းက အခုလိုမသေချာမရေရာမှုတွေများတဲ့ covid ကာလမှာ စိုးရိမ်စိတ်နဲ့ဖြတ်သန်းနေရတဲ့ အချိန်တွေကို ကျော်ဖြတ်ဖို့ကူညီနိုင်ပါတယ်။ ဒါ့ကြောင့် ကူးစက်ရောဂါကြောင့် စိတ်ပူနေရပေမယ့် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ဖြစ်အောင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
(၁) အိပ်ရေးဝဝအိပ်ပါ

Source : Shutterstock
အိပ်စက်ခြင်းက သင့်ရဲ့စိတ်ခံစားချက်နဲ့ရုပ်ပိုင်းဆိုင်ရာအပေါ်များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ လုံလောက်စွာအိပ်စက်မှုမရှိတာက အဓိကကျန်းမာရေးပြသနာတွေကိုဖြစ်စေနိုင်ပါတယ်။ သို့ပေမယ် စိတ်ဖိစီးတာကလဲရောဂါဖြစ်စေတဲ့အကြောင်းအရင်းတခုပါပဲ။ ဒါ့ကြောင့် မအိပ်ခင်မှာ အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ TV ဖုန်းသုံးတာတွေလျှော့လိုက်ပါ။
(၂) သင့်ရဲ့အူလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ပါ

Source : Shutterstock
သင့်ရဲ့အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးက သင့်ရဲ့သက်ရှည်ကျန်းမာစွာနေထိုင်နိုင်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ သင်စားလိုက်တဲ့ အစားအစာအမျိုးမျိုးက အစာအိမ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေပေါက်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းကျန်းမာရေးမကောင်းတာက ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလဲ ထိခိုက်မှုရှိစေပါတယ်။
(၃) နေ့စဉ်လေ့ကျင့်ခန်းလုပ်တာကို ပုံမှန်အလေ့အကျင့်ဖြစ်အောင်လုပ်ပါ

Source : Shutterstock
နေ့စဉ်ကိုယ်လက်လှုပ်လျား လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာသိပေမယ့် တကယ် ဘယ်လောက်ထိကောင်းလဲဆိုတာကိုတော့ လက်တွေ့လုပ်ကြည့်မှသိနိုင်မှာပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက ခန္ဓာ ကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးအတွက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေကိုပါ လျှော့ချပေးပါတယ်။
(၄) ကိုယ့်ကိုယ်ကို အချိန်ပိုပေးပါ

Source : Shutterstock
လူအများစုက သူတို့ရဲ့အချိန် ဒါမှမဟုတ် ခွန်အားဆိုင်ရာကို တစုံတဦးကအကူအညီတောင်းဆိုတဲ့အခါ မငြင်းပယ် ဖို့တာဝန်ရှိတယ်လို့ခံစားတတ်ကြပါတယ်။ သို့သော် သင်အဆင်မပြေတဲ့အချိန်တွေမှာ အကူအညီတောင်းတာကို လက်ခံပေးလိုက်တာက သင့်စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင်အဆင်မပြေတဲ့အခါ ယဉ်ယဉ်ကျေးကျေးငြင်းပယ်တတ်ဖို့လဲ လေ့လာသင့်ပါတယ်။
