ဒီနေ့မှာတော့ စုံတွဲရှိတဲ့ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူကောင်မလေးက ကိုယ်ကိုတကယ်ချစ်မချစ်သိနိုင်မယ့်အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။ မိန်းကလေးတစ်ယောက်က သူမတကယ်ချစ်တဲ့သူ အပေါ်မှာ အခုပြောပြမယ့်အမူအရာလေးတွေ အကျင့်စရိုက်လေးတွေလုပ်ဆောင်လေ့ရှိပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) အတူရှိတဲ့အချိန်တွေကိုနှစ်သက်တယ်

Source : Zoosk

မိန်းကလေးဟာ ကိုယ်ချစ်ရသူနဲ့ အတူတူရှိရတဲ့အချိန်တွေဆိုရင် အပျော်ရွှင်ဆုံးလူသားတွေဖြစ်သွားကြပါတယ်။ သူတို့ရဲ့ မျက်နှာမှာ စစ်မှန်တဲ့ အပျော်နဲ့ ကြည်နူးနေတဲ့အပြုံးတွေကို မြင်ရပါတယ်။ သင့်ချစ်သူကောင်မလေးကလည်း သင့်နဲ့အတူ ရှိနေတဲ့အချိန်တွေမှာ ပြုံးရွှင်ပျော်မြူးနေမယ်ဆိုရင် သင့်ကိုတကယ်ချစ်မြတ်နိုးတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။

(၂) ယုံကြည်စိတ်ချမှုကိုပြတယ်

Source : Families for Life

တစ်ချို့ကောင်မလေးတွေက သူတို့ရဲ့ ဖုန်းတွေကိုင်တာကိုလုံးဝမကြိုက်ကြပါဘူး။ သင့်ကိုတကယ်ချစ်တဲ့ ကောင်မလေးကတော့ သင့်အပေါ်ဘာလျို့ဝှက်ချက်မှထားမှာမဟုတ်သလို သူမရဲ့ဖုန်းကိုလည်းသင့်ထံ စိတ်ချလက်ချနဲ့ ပေးထားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်အပေါ်မရိုးသားချင်းမရှိပဲ မြတ်မြတ်နိုးနိုးချစ်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်။

(၄) ဦးစားပေးတယ်

Source : IsaFYI.com

ကိုယ်ချစ်သူနဲ့ အတူတူမုန့်စားတဲ့အခါ သူမမစားခင်ကိုယ့်ကိုအရင်ဆုံးဦးစားပေးစားခိုင်းတယ် ကိုယ့်ကိုသူမရဲ့ အစားအသောက်တွေကိုဝေမျှပေးတယ်ဆိုရင် ဒါဟာကိုယ့်အပေါ်အလေးထားတယ် ချစ်တယ်ဆိုတာကို သက်သေပြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။

(၅) ပြုပြင်ပြောင်းလဲလာမယ်

Source :Freepik

အကယ်၍သင့်ချစ်သူကောင်မလေးမှာ သင်မကြိုက်တဲ့အမူအကျင့်လေးတွေရှိတယ်ဆိုရင် သူမကိုပြောပြလိုက်ပါ။သင်မကြိုက်တဲ့အရာတွေကို ပြုပြင်ပေးတယ်ဆိုရင်တော့ သင့်ကိုတကယ်ချစ်လို့ပါ။တော်ရုံမိန်းကလေးတစ်ယောက်ကသူတို့ အကျင့်စရိုက်တွေကို လူတစ်ယောက်အတွက်ပြုပြင်ပြောင်းလဲကြတာမဟုတ်ပါဘူး။