လူအများစုက သူတို့ကိုသူတို့နားထောင်ပေးတတ်ကြသူတွေလို့ထင်ပါတယ်။ ဒါပေမယ့် တကယ့်လူမှုအသိုင်း အဝိုင်းမှာတော့ နားထောင်သူကောင်းတွေရှားပါးနေတာ စိတ်မကောင်းစရာပါ။ လူတယောက်နဲ့ တယောက်ဆက်သွယ်ဖို့ရာ အပြန်အလှန်ကောင်းကောင်းနားထောင်တတ်ပေးဖို့ အရေးကြီးပါတယ်။ သင်ရော တစုံတယောက် တယောက်စကားပြောတဲ့အခါ နားထောင်သူကောင်းတယောက်ဟုတ်မဟုတ် အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) လက်ရှိအခြေအနေမှာနေတယ်

Source : Shutterstock
နားထောင်သူကောင်းတွေဟာ လက်ရှိအခြေအနေမှာပဲ နေတတ်ကြပါတယ်။ သူတို့က သင်ဘေးမှာရှိနေရင်တောင် ဖုန်းကြည့်နေတာ၊ ညစာဘာစားရင်ကောင်းမလဲစဉ်းစားနေတာမျိုးမလုပ်ကြပါဘူး။ ဆိုလိုတာက အလုပ်၂ခု၊ ၃ခုကို တပြိုင်နက်လုပ်တာမျိုးတွေ မလုပ်တတ်ကြပါဘူး။
(၂) အာရုံစိုက်ပေးတယ်

Source : Shutterstock
စကားပြောတဲ့အခါ မျက်လုံးချင်ဆုံပြောတာ၊ တဖက်လူရဲ့အမူအရာကိုနားလည်တာစတဲ့အချက်လေးတွေနဲ့ နားထောင်သူကောင်းတယောက်က တဖက်လူအပေါ်အာရုံစိုက်ပေးတယ်ဆိုတာသိနိုင်ပါတယ်။ တဖက်က ပြောတဲ့စကားတိုင်းကိုလဲ ကိုယ်ဟန်အမူအရာနဲ့ဖြစ်စေ ဟုတ်လား၊ မှန်ပါတယ်၊ ဒါပေါ့ စသဖြင့်စကားနဲ့ဖြစ်စေ တုံ့ပြန်ပြောဆိုပေးတတ်ကြပါတယ်။
(၃) စိတ်ရှည်တယ်

Source : Shutterstock
တကယ်တော့ နားထောင်ပေးတာဟာစည်းကမ်းရှိခြင်းတခုပါ။ တဖက်သူက ပြောချင်တဲ့ဆိုလိုရင်းကို ထိရောက် အောင်မပြောနိုင်ရင်တောင် သင်ကနားထောင်သူကောင်းတယောက်ဆိုရင်တော့ ကောင်းကောင်းနားလည်နိုင်ပါတယ်။ ကောင်းကောင်းနားထောင်ပေးတဲ့အတွက် သင်နဲ့စကားပြောရတာ သူ့အနေနဲ့ စိတ်သက်တောင့်သက်သာဖြစ်တယ်လို့လဲ ခံစားရစေပါတယ်။
(၄) အမြင်ကျယ်ကျယ်ထားတယ်

Source : Shutterstock
တကယ်လို့သင့်က တဖက်လူပြောတာကို သင့်ကိုယ်ပိုင်အမြင်၊ အတွေးအခေါ်တွေကိုအခြေခံပြီးပဲနားထောင်နေတာဆိုရင်တော့ သင်ကနားထောင်သူကောင်းတယောက်မဟုတ်ပါဘူး။ နားထောင်ကောင်းသူတွေက တခြားရှုထောင့်ဘက်ကနေ မြင်ကြည့်တတ်ကြပါပြီး စကားမဆုံးခင်ကြိုတင်ဝေဖန်တာမျိုးမလုပ်ကြပါဘူး။
(၅) မေးခွန်းကောင်းတွေမေးတယ်

Source : Shutterstock
အကောင်းဆုံးနားထောင်တတ်သူတွေဟာ မေးခွန်းကောင်းမေးတတ်ကြသူတွေဖြစ်ပါတယ်။ မေးခွန်းမေးတယ်ဆိုရာမှာ ရှုပ်ထွေးနက်နဲတဲ့ မေးခွန်းမျိုးမဟုတ်ဘဲ အကြောင်းအရာနဲ့ ပတ်သတ်တဲ့ ရိုးရိုးရှင်းရှင်းနဲ့လိုအပ်တဲ့ မေးခွန်းတွေကိုပြောတာဖြစ်ပါတယ်။ ဒါက ပြောတဲ့အကြောင်းအရာကို အပြည့်အဝစိတ်ဝင်စားမှုရှိတယ်ဆိုတာ သိသာစေပါတယ်။
