ဘီယာဟာ ကမ္ဘာပေါ်က လူကြိုက်အများဆုံး သောက်စရာတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဘီယာလို alcohol ပါဝင်တဲ့ အဖျော်ယမကာတွေဟာ အရသာထက်ပိုတဲ့ တခြားကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အခုပြောပြပေးမှာက ဘီယာကနေ ကွီးတို့ရဲ့ အသားအရေ ၊ ဆံပင်နဲ့ တခြား အလှအပရေးရာအတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုဖြစ်စေခြင်းကို တားဆီးပေးတယ်

Fights Premature Aging

Photo : UK Aesthetics Clinic

ဘီယာအမျိုးအစား အမျိုးမျိုးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အထူးသဖြင့် ဘီယာမှာ polyphenols နဲ့ melanoidins လို ဓါတ်တွေပါဝင်တဲ့အပြင် အရွယ်မတိုင်မီဖြစ်ပေါ်စေတဲ့ အိုမင်းရင့်ရော်မှု လက္ခဏာအမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ Antioxidants လဲပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့အကြောင်းတွေက ဆေးလိပ်သောက်တာ၊ နေရောင်ခြည်နဲ့ ထိတွေ့တာ၊ အသားအရေထိန်းသိမ်းမှုမရှိတာနဲ့၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကြောင့် အဖြစ်များပါတယ်။

(၂) အရေပြားရောဂါတွေကို တိုက်ဖျက်ပေးတယ်

 Fights Skin Infections
Photo : Gendler Dermatology

ဘီယာဟာ ဝက်ခြံလိုအရေပြားရောဂါတွေကို ကုသတဲ့နေရာမှာလဲ အကူအညီပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဝက်ခြံက မျက်နှာပေါ်က ဘက်တီးရီးယားပေါက်ပွားနိုင်တဲ့နေရာတွေမှာ အများစုဖြစ်တတ်တာပါ။ ဘီယာမှာ hops လို့ခေါ်တဲ့ antibacteria ဂုဏ်သတ္တိပါဝင်တဲ့အတွက် ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားများကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လဲ သူ့မှာ ခါးသက်သက်အရသာနဲ့ ထူးခြားတဲ့ ရနံ့ရှိနေတာပါ။

(၃) ကြွပ်ဆတ်နေတဲ့ လက်သည်းတွေကို သန်မာစေတယ်

May Strengthen Brittle Nails
Photo : New York Beauty & Health Magazine

ဘီယာမှာ ပျက်စီးနေတဲ့ လက်သည်းတွေကို သန်မာစေပြီး ပြုပြင်ပေးနိုင်တဲ့ အာဟာရဓာတ်များစွာ ပါဝင်တဲ့အပြင် လက်သည်းဖွဲ့စည်းမှုအတွက် အရေးကြီးတဲ့ ဆီလီကွန်ဓါတ်အပြည့်အဝပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆီလီနီယမ်၊ ပိုတက်စီယမ်နဲ့ ဘိုင်အိုတင်တို့ ပါဝင်တာကြောင့် သင့်လက်သည်းတွေကို ကောင်းမွန်စွာပြန်လည်တည်ဆောက်ပေးပြီး အာဟာရလည်း ဖြစ်စေပါတယ်။

(၄) သင့်ဆံကေသာကို နူးညံ့ချောမွေ့စေပြီး တောက်ပြောင်စေနိုင်တယ်

May Make Your Hair Soft, Smooth, and Shiny
Photo : Byrdie

အခုနောက်ပိုင်းမှာ ဘီယာကိုခေါင်းလျှော်တဲ့နေရာမှာအသုံးပြုတာ ခေတ်စားလာပါတယ်။ ဈေးကွက်ထဲမှာလဲ တောက်ပြောင်ချောမွေ့တဲ့ ဆံကေသာ ရရှိဖို့အတွက်ဆိုပြီး ဘီယာအခြေခံခေါင်းလျှော်ရည်တွေနဲ့ ထုတ်ကုန်များစွာကို တွေ့လာရပါတယ်။ Hop နဲ့ malt လို့ခေါ်တဲ့ ဘီယာမှာပါဝင်တဲ့ ပရိုတင်းဓာတ်နှစ်မျိုးက ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို ပြန်လည်တည်ဆောက်ပေးပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးကာ ဆံပင်မွေးညင်းပေါက်တွေကို အားကောင်းစေနိုင်ပါတယ်။ ဒါပေမယ့် ဘီယာက သင့်ရဲ့ ဆံကေသာကို နူးညံ့ချောမွေ့စေပြီး တောက်ပြောင်စေနိုင်တယ်လို့ဆိုပေမယ့် လုံလောက်တဲ့ သုတေသနအထောက်အထားတော့ မရှိသေးပါဘူး။

Featured Photo : HiConsumption