ကော်ဖီ ကြိုက်နှစ်သက်သူများသည် ကင်ဆာရောဂါ ၊ နှလုံးရောဂါ နှင့် မှတ်ဉာဏ်ချွတ်ယွင်းခြင်း တို့ကို အနည်းငယ် အရဲစွန့် ရှာဖွေသူများ ဖြစ်ကောင်း ဖြစ်နိုင်သလို သုတေသီတွေ ပြောပြချက်အရ စိတ်ကျဝေဒနာ ခံစားရသူတွေလည်းဖြစ်နိုင်ပါတယ်။ သို့သော် ကော်ဖီစေ့ထဲတွင် ကျန်းမာရေးအတွက်ကောင်းကျိုးများ၊ စွမ်းအင် နှင့် အရသာကောင်းများ ရှိသည့် အပြင် ဒီ့ထက်ပိုပြီး ပုန်းကွယ်ထားသော စွမ်းအားများတောင် ရှိပါတယ်။ ယုံချင်မှ ယုံပါလိမ့်မည် ၊ ကော်ဖီဟာ သင်၏ အိမ်သူအိမ်သားအားလုံးအတွက် အကူအညီရ၊ အသုံးတည့်စေပါတယ်။
အင်းဆက်ပိုးမွှားများအန္တရာယ်မှကာကွယ်ပေးခြင်း

ကော်ဖီတွင် အင်းစက်ပိုးမွှားများကိုသေစေနိုင်သော ကဖင်းဓာတ်နှင့် Diterpens ဓာတ်တွေပါဝင်ပါသောကြောင့် ခြင်၊ ယင်၊ ပိုးကောင်မာနှင့် အခြားပိုးမွှား ရန်မှကာကွယ် နိုင်ရန် ထိုင်နေသည့်အနီးအနားပတ်ဝန်းကျင် တွင် ကော်ဖီ အနည်များ ဖြန်းထားခြင်းဖြင့် ရိုးရှင်းစွာအသုံးပြုနိုင်ပါတယ်။ အပင်များကို အပင်စားပိုးမွှားများဖြစ်သော ခရု၊ ပက်ကျိ ကဲ့သို့ အင်းစက်ပိုးများရန်မှ ကာကွယ်ရန် ပင်စည် (သို့) ရိုးတံ ပတ်လည်တွင် ကော်ဖီအနည်များ ဖြန်းထားနိုင်ပါတယ်။
ပန်းများ ကြာရှည်ခံအောင် ပြုလုပ်နိုင်တယ်

ပန်းများ ကြာရှည်ခံ လန်းဆန်းစေချင်လျှင် ကော်ဖီနှင့်ရေ ရောဖျော်ပြီး ပန်းများအပေါ် လောင်းချလိုက်ပါ။ နှပ်ကော်ဖီထဲတွင် နိုက်ထရိုဂျင်၊ မဂ္ဂနင်စီယံ နှင့် ပိုတက်စီယံ ဓာတ်တွေပါသောကြောင့် အပင်များလန်းဆန်းဖို့ စွမ်းအင်မြှင့်ပေးပါလိမ့်မယ်။ အပြင်းစား ကော်ဖီ ကိုတော့ အပင်ပေါ် လောင်းမချလိုက်ပါနဲ့ အက်ဆစ်ဓာတ် အလွန်များပါတယ်။
အသားများနူးအောင်နှပ်ရာတွင်အသုံးပြုနိုင်ခြင်း

ကော်ဖီတွင်ပါသော အက်ဆစ်ဓာတ်သည် အနံ့အရသာထက် အသားများ နူးညံ့နေအောင် နှပ်ခြင်းတွင် ပိုမို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကော်ဖီအနည်များကို မချက်ပြုတ်မှီ အသားများပေါ်တွင် (၂) နာရီကြာ ခြောက်သွေ့အောင် သုတ်လိမ်းထားပြီး ချက်လိုက်မယ်ဆိုရင် ဖုံးကွယ်ထားသော ကြွတ်ရွလတ်ဆတ်သည့် အရသာကို ရရှိပါလိမ့်မယ်။
အိုးခွက်များတိုက်ချွတ်ဆေးကြောနိုင်ခြင်း

ကော်ဖီအနည်၏ အာနိသင်သည် တိုက်ချွတ်ရခက်သော အိုးခွက်များကို ပြောင်လက်သွားအောင် ဆေးကြော သန့်စင် ပေးနိုင်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်း ဇွန်း စသည်တို့ တိုက်ချွတ်ဆေးကြောရာတွင်လည်း ကောင်းကောင်းကြီး အသုံးပြုနိုင်ပါတယ်။
Source: Bright Side
