တီရှပ်အင်္ကျီသည် လူတိုင်းရဲ့ အဝတ်ဘီဒိုထဲမှာ ရှိတတ်တဲ့ မရှိမဖြစ် အဝတ်အစားတစ်ထည်ဖြစ်ပါတယ်။ တီရှပ်ထဲမှာတောင် ဗွီပုံလည်ပင်း ပေါက်ဒီဇိုင်းနဲ့ လည်ပင်းပေါက်အဝိုင်း တီရှပ်ဆိုပြီး ဒီဇိုင်းအမျိုးမျိုးရှိတဲ့အနက် လည်ပင်းပေါက်အဝိုင်း တီရှပ်များသည် ပိုမိုအဝတ်များကြပါတယ်။
လည်ပင်းပေါက်အဝိုင်း တီရှပ်များသည် ဝတ်ဆင်ရတာ သက်သောင့်သက်သာဖြစ်ပြီး ဖက်ရှင်စတိုင်လ်အမျိုးမျိုးဖန်တီးကာ ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။ မိမိကြိုက်နှစ်သက်ရာဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ဖို့ရန်အတွက် ထိုတီရှပ်နဲ့ ဝတ်ဆင်နိုင်မယ့် ဖက်ရှင်စတိုင်လ်များကို ဝေမျှပေးလိုက်ပါတယ်။
ဂျက်ကတ်အင်္ကျီနဲ့ စတိုင်လ်ကျကျ တွဲဝတ်ပါ
အားကစားဘောင်းဘီနဲ့လည်း တွဲဝတ်နိုင်ပါသေးတယ်
စတိုင်လ်ဘောင်းဘီနဲ့ တွဲဝတ်ကာ Formal မကျ Casual မကျ ဖက်ရှင်မျိုး ဖန်တီးနိုင်ပါတယ်
အညိုရောင်ဂျက်ကတ်နဲ့ တွဲဝတ်ကာ ဖက်ရှင်ကျအောင် ဖန်တီးပါ
ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ပါ
အပေါ်ဝတ်ရှပ်အင်္ကျီအပါးတစ်ထည်၊ ဂျင်းဘောင်းဘီအတိုနဲ့ တွဲဖက်ဝတ်ဆင်ပါ
အကွက်ဒီဇိုင်း ချည်သားရှပ်အင်္ကျီကိုလည်း အပေါ်က ထပ်ဝတ်နိုင်ပါတယ်
စမတ်ကျကျဒီဇိုင်းမျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုဝတ်ပါ
Denim ဝမ်းဆက်နဲ့ တွဲဝတ်ပါ
ကုတ်အရှည်နဲ့ တွဲဝတ်ပါ
ပေါ့ပေါ့ပါးပါး အားကစားဖက်ရှင်
လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုဖက်ရှင်
ဘောင်းဘီအပြဲဒီဇိုင်းနဲ့ တွဲဝတ်ပါ
ဘယ်တော့မှမရိုးတဲ့ Black & White ဖက်ရှင်
သင်သာ လည်ပင်းပေါက်အဝိုင်းတီရှပ်နဲ့ ကိုယ်ပိုင်ဖက်ရှင်အသစ်တစ်မျိုးဖန်တီးရမယ်ဆိုရင် ဘယ်လိုဖက်ရှင်မျိုးကို ဖန်တီးမယ်လို့ စိတ်ကူးထားပါသလဲ။
Source: Fashionhombre.com