ဗော့ဒ်ကာလို့ပြောလိုက်ရင် ပြင်းရှရှအရသာနဲ့ ရေကဲ့သို့ပင် အရောင်အဆင်းမရှိတဲ့ အဖျော်ယမကာတစ်မျိုးကို အားလုံးသိကြမှာပါ။ ဗော့ဒ်ကာဟာ ၁၄ ရာစုလောက်က ရုရှား၊ ဆွီဒင်နှင့် ပိုလန်နိုင်ငံတွေမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ယမကာတစ်မျိုးအဖြစ် လူသိများပြီး ယနေ့အချိန်အထိ ဥရောပနိုင်ငံအများစုနဲ့ ကမ္ဘာ့တစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် သောက်သုံးလျက်ရှိပါတယ်။ ဗော့ဒ်ကာဟာ လူကြိုက်များသလို အသင့်အတင့်မှီဝဲမယ်ဆိုရင် ကျန်းမာရေးအတွက်ကောင်းကျိုးရှိတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်တာကြောင့် ဒီနေ့တော့ ဗော့ဒ်ကာရဲ့ကောင်းကျိုးတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။

(၁) နှလုံးကိုကာကွယ်ပေးတယ်

Source : Addiction Center

ဗော့ဒ်ကာက ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကိုလှုံ့ဆော်ပေးပြီ သွေးလည်ပတ်မှုကိုကောင်းမွန်မှန်ကန်စေဖို့ အထောက်အကူပြုပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်မှန်ကန်နေခြင်းက သွေးကြောများ ပိတ်ဆို့ခြင်း ၊ သွေခဲခြင်းနှင့် တခြားသော နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတော်တော်များများကို ကာကွယ်ပေးတာကြောင့် ဗော့ဒ်ကာကိုအသင့်အတင့်သောက်သုံးမယ်ဆိုရင် သင့်နှလုံးကျန်းမာရေးကောင်းမွန်စေမှာဖြစ်ပါတယ်။

(၂) ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်

Source : Reader’s Digest

နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေထဲမှာ အရေးပေါ်ခွဲစိတ်ဖို့အတွက် အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေးအစား ဗော့ဒ်ကာကိုအသုံးပြုတဲ့ ဇာတ်ဝင်ခန်းတွေ မြင်ဖူးပါလိမ့်မယ်။ ဟုတ်ပါတယ် ဗော့ဒ်ကာမှာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါရှိပါတယ်။ ဒါကြောင့် ဒဏ်ရာအနာတရဖြစ်ပေါ်တဲ့အခါ ဗော့ဒ်ကာကိုရေအနည်းငယ်ရောစပ်ပြီး ပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်သလို အရာဝတ္ထုပစ္စည်းများနှင့် အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း သုံးနိုင်ပါတယ်။

(၃) ခံတွင်းကျန်းမာရေးအတွက်သုံးနိုင်တယ်

Source : Healthline

သွားနှင့်ခံတွင်းကျန်းမာရေးအတွက်လည်း ဗော့ဒ်ကာကိုအသုံးပြုနိုင်ပါတယ်။ ဗော့ဒ်ကာကို ပိုးသတ်ဆေးအနေနဲ့ အသုံးပြုနိုင်တဲ့အတွက် သွားကိုက်တဲ့အခါမျိုးမှာ ရေနဲ့ရောစပ်ပြီး ငုံပေးရင် သွားကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ခံတွင်းအတွင်းက မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ရှင်းလင်းပေးတာကြောင့် ခံတွင်းနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။ သွားပွတ်တံတွေကို ဆေးကြောသန့်စင်တဲ့နေရာမှာလည်း ဗော့ဒ်ကာကိုအသုံးပြုပေးနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ပါးစေတယ်

Source : HealthCentral

ဗော့ဒ်ကာဟာ ကယ်လိုပါဝင်မှုအလွန်နည်းပါးပြီး ဝိုင်နီကဲ့သို့ စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေနိုင်တဲ့ ယမကာတစ်မျိုးဖြစ်ပါတယ်။ သိပ္ပံနည်းကျရှာဖွေတွေ့ရှိချက်တွေအရလည်း ဗော့ဒ်ကာဟာ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးပြီး ဦးနှောက်နှင့် ခန္ဓာကိုယ်ကို ငြိမ်သက်စေတာကြောင့် စိတ်ဖိစီးမှုအရမ်းများသူတွေအနေနဲ့ ဗော့ဒ်ကာတစ်ခွက်လောက်သောက်ပေးဖို့ အကြုံပြုချင်ပါတယ်။ သို့သော် အလွန်အကျွံသောက်သုံးခြင်းကိုတော့ လုံးဝသတိပြုရှောင်ကျဉ်သင့်ပါတယ်။

(၅) အရေပြားနှင့်ဆံပင်ကိုကောင်းမွန်စေတယ်

Source : Men’s Health Direct

သဘာဝပိုးသတ်ဆေးဖြစ်တဲ့ ဗော့ဒ်ကာကို ဝက်ခြံကဲ့သို့အရေပြားဆိုင်ရာပြဿနာများနှင့် ဆံသားကျန်းမာရေးအတွက်လည်း သုံးနိုင်ပါသေးတယ်။ ဗော့ဒ်ကာက အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေနဲ့ မှိုတွေကိုသန့်ရှင်းပေးပြီး ဝက်ခြံနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ထို့နည်းအတူ ဦးရေးပြားပေါ်က ဗောက်ကဲ့သို့ အညစ်အကြေးတွေကိုဖယ်ရှားရှင်းလင်းပေးပြီး ဆံသားကျန်းမာစေတဲ့အတွက် ဗော့ဒ်ကာကို ဦးရေပြားတစ်ဝိုက်လိမ်းပေးနိုင်ပါတယ်။