ဗော့ဒ်ကာဟာ အဲလ်ကိုဟော်ဆိုတာထက်ပိုပါတယ်။ စတင်ထုတ်လုပ်တုန်းက ဆေးဝါးအတွက် အသုံးပြုဖို့ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အရောင်မရှိတဲ့ ဗော့ဒ်ကာတွေ ရရှိနိုင်ပါပြီ။ ဗော့ဒ်ကာသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။
ဆေးဝါးအဖြစ် အသုံးပြုလို့ရတယ်

Source: Absolut Vodka
ဗော့ဒ်ကာဟာ သဘာဝ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဗော့ဒ်ကာကို သွားကိုက်တာ၊ အနားဆေးတာ စတဲ့နေရာတွေမှာ အသုံးပြုလို့ရပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေ ဆေးကြောသန့်စင်ရာမှာလည်း အသုံးဝင်ပါတယ်။
စိတ်ဖိစီးမှုပြေပျောက်စေတယ်

Source: Cosompolitan
ဝိုင်နီက စိတ်ဖိစီးမှုကို လျှော့ကျစေတယ်လို့ ပြောနေကြတာ သင်ကြားဖူးမှာပါ။ ဒါပေမယ့် ဝိုင်နီဟာ ဗော့ဒ်ကာနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဘာမှမဟုတ်ပါဘူး။ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိချက် တွေအရဆိုရင် ဗော့ဒ်ကာအရက်ဟာ ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းနဲ့ တခြားအကြောင်းတရားတွေကို တခြားအရက်တွေထက်စာရင် ပိုမိုထိရောက်စွာ တိုက်ဖျက်ပေးနိုင်ပါတယ်။ နောက်ပြီး ဦးနှောက်ကို ပိုမိုတည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတဲ့ ဂုဏ်သတ္တိလည်း ဗော့ဒ်ကာအရက်ထဲမှာ ပါပါတယ်။
နှလုံးကျန်းမာရေး

Source: Heritage Distilling Co.
ဗော့ဒ်ကာဟာ သွေးစီးဆင်းမှုကို ကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်အတွင်း သွေလည်ပက်မှုကို ပုံမှန်ဖြစ်စေပြီး သွေးကြောပိတ်တာ၊ လေဖြတ်တာနဲ့ အခြား နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ပြီးတော့ ဗော့ဒ်ကာမှာ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ဝိတ်ချနေတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။
သွားကိုက်ပျောက်စေတယ်

Source: VinePair
ဗော့ဒ်ကာတစ်ခွက်လောက် သောက်ပေးခြင်း၊ ဗော့ဒ်ကာအရက်နဲ့ ပလုတ်ကျင်းပေးခြင်း၊ ဝါဂွမ်းစလေးမှာ ဗော့ဒ်ကာအရက်တို့ပြီး သွားကိုက်တဲ့နေရာကို တို့ပေးခြင်းတို့က သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှုန့်နဲ့ရောပြီး ပလုတ်ကျင်းပေးမယ်ဆိုရင်လည်း ခံတွင်းထဲက ပိုးမွှားဆိုးတွေကို သေစေနိုင်ပြီး အနံ့ဆိုးတွေကိုလည်း သတ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အလွန်အကျွံ့သောက်သုံးမိရင် ဘေးထွက်ဆိုးကျိုးတွေရှိနေနိုင်တာကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။
