မျက်မှန်တွေဟာ လူရဲ့ ရုပ်သွင်ကို ပြောင်းနိုင်တဲ့ အကောင်းဆုံး ဖက်ရှင်အသုံးအဆောင်ထဲမှာ ပါပါတယ်။ မျက်မှန်တစ်လက်ကို မှန်မှန်ကန်ကန် တပ်မယ်ဆိုရင် ဒီအတိုင်း အနေအထားထက် ပိုဆွဲဆောင်မှု ရှိသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း မျက်မှန်ကိုင်းရွေးရာမှာ လူအတော်များများဟာ မထင်မှတ်ဘဲ အမှားလုပ်မိတတ်ပါတယ်။ ဒီအောက်မှာ အဲဒီလို မှားတတ်တဲ့ အမှားလေးတွေထဲက တစ်ချို့ကို ပြောထားပါတယ်။

(၁) Function ထက် ဖက်ရှင်ကို ရွေးမိတာ

Photo: Freepik

နေကာမျက်မှန်တွေက နေရောင်ခြည်မှာ ပါတဲ့ အန္တရာယ်များတဲ့ UV ray တွေကို ကာကွယ်ဖို့ ထုတ်ထားတာပါ။ အခုခေတ်မှာတော့ လူတွေဟာ နေကာမျက်မှန်ဝယ်ရာမှာ အနီအောက်ရောင်ခြည်တွေကို ကာကွယ်ဖို့ထက် ဖက်ရှင်မိဖို့ပဲ ပိုပြီး ဦးစားပေးလာပါတယ်။ မျက်လုံးအိမ်တစ်ခုလုံးကို မျက်မှန်က ကာပေးလောက်အောင် မကြီးတဲ့ နေကာမျက်မှန်ရွေးမိတာမျိုးကလည်း မှားပါတယ်။

(၂) Polarized Lens မသုံးတာ

Photo: outsidepursuits

Polarized မှန်တွေဟာ မျက်လုံးကို နေပူပူထဲမှာ ကြည့်လို့ကောင်းပြီး အေးနေအောင် ဒီဇိုင်းထုတ်ထားတာပါ။ မျက်မှန်မှာ Polarized မပါဘူးဆိုရင် ကြာလာတာနဲ့ အမျှ မျက်မှန်ဟာ သင့်မျက်လုံးကို ကာကွယ်ပေးနိုင်စွမ်းကျလာမှာပါ။ ဒါဆိုရင်တော့ နေကာမျက်မှန်တပ်လည်း အလကားပဲ ဖြစ်သွားနိုင်ပါတယ်။

(၃) အရိပ်ထဲ နေကာမျက်မှန် တပ်တာ

Photo: EyeEm

ဒီအချက်ကလည်း ရှောင်သင့်တဲ့ အမှားထဲမှာ ပါပါတယ်။ ဒါကတော့ လူမှုရေးအရပါ။ နေကာမျက်မှန်ဆိုတာ နေ‌ရောင်အောက် ထွက်တဲ့အချိန် တပ်ဖို့ ဖြစ်ပြီး အခန်းထဲ ရောက်ချိန်မှာ တစ်ခြားသူတွေကို လေးစားသောအားဖြင့် ချွတ်ထားတာ အကောင်းဆုံးပါပဲ။

(၄) နေပူထဲ ပစ်ထားမိတာ

Photo: Freepik

ဒီအမှားကိုလည်း လူအများ လုပ်မိတတ်ပါတယ်။ နေကာမျက်မှန်ကို တွေ့ကရာ နေရာမှာ ပစ်ထားတာမျိုး မလုပ်သင့်ပါဘူး။ နေပူထဲ ပစ်ထားတာမျိုးဟာ ကြာရင် မျက်မှန်ကိုင်းတွေ ပျက်စီးနိုင်သလို နေကာမျက်မှန်ရဲ့ နေကာအလွှာတွေ ပျက်စီးနိုင်ပါတယ်။ ဒီတော့ မျက်မှန်အိတ်နဲ့ သေချာ သိမ်းထားသင့်ပါတယ်။