လူတစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံရာမှာ လေးစားမှုကအရမ်းကိုအရေးကြီးပါတယ်။အသက်အရွှယ် ဂုဏ်ပညာ ဥစ္စာစည်းစိမ်တွေမပါပဲ လူလူချင်းလေးစားစွာ ဆက်ဆံပြောဆိုခြင်းက လူကြီးလူကောင်းဆန်သူတို့ရဲ့ အပြူအမူကောင်းတစ်ခုဖြစ်ပါတယ်။သင့်အနေနဲ့ လူတွေရဲ့ လေးစားမှုကိုခံချင် တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို တသွေမတိမ်းလုပ် ဆောင်ဖို့ အကြံပြုချင်ပါတယ်။

(၁) ကတိတည်နိုင်အောင်ကြိုးစားပါ

Source : Shutterstock

ကိုယ်ပေးထားတဲ့ ကတိတစ်ခုကိုတည်ခြင်းဟာ လူတွေရဲ့ လေးစားမှုကိုရရှိဖို့ အမှန်ကန်ဆုံးနဲ့ အသင့်တော်နည်းလမ်းတစ် ခုဖြစ်ပါတယ်။ကတိစကားတစ်ခုကို ပေါ့ပေါ့တန်တန် အလွယ် တကူမပြောသင့်ပါဘူး။ကိုယ်တကယ်လုပ်နိုင်မှကတိပေးသင့် ပါတယ်။ကတိပေးပြီးရင်လည်း ကိုယ်ပေးထားတဲ့ကတိကို မဖြစ်မနေတည်နိုင်အောင်ကြိုးစားသင့်ပါတယ်။ဒါမှလည်းလူတွေရဲ့လေးစားမှုကိုရရှိစေမှာဖြစ်ပါတယ်။

(၂) တောင်းပန်မှုတွေကိုရပ်လိုက်ပါ

Source : Shutterstock

လူအများစုဟာ တောင်းပန်ပါတယ်ဆိုတဲ့စကားကိုအလွယ်တကူပဲ ပြောတက်ကြပါတယ်။တောင်းပန်တယ်ဆိုတာများသောအားဖြင့် အမှားတစ်ခုကိုလုပ်မိတဲ့အခါမှာပြောကြတာပါ။မိသားစုသူငယ်ချင်းတွေကိုတောင်းပန်စကားပြောရတာဟာကိစ္စမရှိပေမယ့် အထူးသ၍အလုပ်ခွင်လိုနေရာမျိုးမှာ အကြိမ်ကြိမ်အခါအခါအမှားလုပ်မိလို့တောင်းပန်ရတာ သင့်ကိုလူတွေရဲ့ လေးစားမှုပျောက်ဆုံးစေပါတယ်။ဒါကြောင့်အမှားတွေတက်နိုင်သလောက်မလုပ်မိအောင်ထိန်းချုပ်ပါ။မကြာခဏတောင်းပန်စကားကို လွယ်လွယ်ပြောမိတာမျိုးမလုပ်ပါနဲ့။

(၃) တခြားသူတွေရဲ့အချိန်ကိုလေးစားပါ

Source : Shutterstock

အချိန်ကိုလေးစားတက်တဲ့သူတစ်ယောက်ဟာဘဝမှာအောင်မြင်မှုပန်းတိုင်စီရောက်ဖို့ အခွင့်အရေးပိုများသလို လူတွေရဲ့လေးစားမှုကိုလည်းရရှိစေပါတယ်။ကိုယ့်ဘဝရဲ့အချိန်တွေကိုလေးစားသလို တပါးသူတွေရဲ့အချိန်တွေကိုလည်းလေးစားဖို့ လိုပါတယ်။ကိုယ့်ကြောင့် တပါးသူတွေကို အချိန်အကြာကြီးစောင့်စောင်းရစေတာမျိုး အကျိုးမရှိတဲ့စကားတွေကိုနားထောင်ခိုင်းမိစေတာမျိုး စသည်ဖြင့်ကိုယ့်ကြောင့် တခြားသူရဲ့အချိန်တွေ ဆုံးရှုံးသွားစေမယ့်လုပ်ရပ်မျိုးတွေကိုရှောင်ကျဉ်သင့်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ

Source : Shutterstock

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေဟာ လူတွေရဲ့ လေးစားမှု ခံကြရပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ်တွေ ဆန်းသစ်တဲ့အိုင်ဒီယာတွေကို ကိုယ်တိုင်ယုံကြည်မှုရှိစွာလက်ခံထားပါ။တခြားသူတွေရဲ့အကြံဉာဏ်တွေနဲ့စကားလုံးတွေအောက်မှာကပဲနစ်မြောနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးစေသလို တပါးသူတွေရဲ့လေးစားမှုဆိုတာလည်းရှိလာမှာမဟုတ် ပါဘူး။ဒါကြောင့်ကိုယ့်ရဲ့အတွေးတွေ အိပ်မက်တွေ စိတ်ကူးတွေနောက်ကိုပဲယုံကြည်စွာလိုက်ပါ။