လူအချင်းချင်းလေးစားမှုဆိုတာ ချစ်စရာကောင်းတဲ့အလေ့အထတစ်ခုပါ။လူတိုင်းလူတိုင်းကိုယ့်အပေါ်တလေးတစားဆက်ဆံတာတော့လိုချင်မိကြပါတယ်။ဒါကြောင့် သင့်အနေနဲ့ လူအများရဲ့ ချစ်ခင်လေးစားမှု ရရှိချင်တယ်ဆိုရင်တော့ အခုပြောပြမဲ့ နည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်ဖို့အကြံပြုလိုပါတယ်။

(၁) ကိုယ်ကျင့်တရားကောင်းမွန်ပါစေ

Source : proresumecenter.com

လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းက လူအများရဲ့ လေးစားမှုရရှိဖို့အခွင့်အရေးကောင်းပါပဲ။ကိုယ့်ကျင့်တရားပျက်ပြားနေသူတစ်ယောက်ကိုဘယ်လိုလူကမှလေးစားနိုင် မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ့်အနေနဲ့ ကိုယ့်ဂုဏ်သိက္ခာကျဆင်းစေမယ့်အရာတွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။ဒါမှလည်းလူတွေရဲ့လေးစားမှုကိုရရှိမှာပါ။

(၂) လေးစားမှုရှိပါစေ

Source : Parent Toolkit

ကိုယ်ကလူတွေရဲ့လေးစားမှုခံချင်ရင်ကိုယ်တိုင်ကလည်း လူတွေအပေါ်လေးစားစိတ်မွေးမြူရပါမယ်။ကိုယ်တိုင်ကလေးစားမှုကိုမသိပဲ လေးစားခံချင်နေလို့မရပါဘူး။ကိုယ့်အနေနဲ့ ဘယ် လိုဂုဏ်သိက္ခာ ကြွယ်ဝချမ်းသာမှုတွေရှိနေပါစေ လူတစ်ယောက်ကိုဆက်ဆံတဲ့အခါ လေးစားမှုထားပြီ နိမ့်ချပြောဆိုတက် ခြင်းကသာ လူတွေရဲ့လေးစားမှုကိုရရှိပိုင်ဆိုင်နိုင်မှာပါ။

(၃) ရိုးသားမှုရှိပါစေ

Source : Aeg Vaatwasser Inbouw

လောကမှာရိုးသားမှုရှိတဲ့လူတွေဟာ လေးစားခံရဖို့ အလား အလာပိုရှိပါတယ်။ရိုးသားမှုဂုဏ်စားလို့မကုန်ဆိုတဲ့အတိုင်း ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရိုးသားဖြောင့်မတ်တဲ့ သူတွေဟာ လူအများရဲ့ လေးစားမှုရရှိကြတာဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ ဘဝကိုရိုးသားဖြူစင်စွာပဲဖြတ်သန်းဖို့ အကြံပြုလိုပါတယ်။

(၄) အကောင်းမြင်စိတ်ရှိပါစေ

Source : Cydcor

ဘယ်အရာဘယ်ကိစ္စမဆိုအကောင်းဘက်ကမကြည့်နိုင်ရင် အဲ့ဒီလိုမကောင်းမြင်စိတ်များတဲ့လူနဲ့ ဘယ်သူကမှအဆက်အဆံလုပ်ချင်ကြမှာမဟုတ်ပါဘူး။လောကမှာဘယ်အရာမှ အကောင်းချည်းမလာနိုင်ပါဘူး။အဆိုးတွေကြုံလာတဲ့အခါလည်းအကာင်းမြင်ပေးတက်တဲ့စိတ်ရှိဖို့လိုပါတယ်။အကောင်းမြင်စိတ် ရှိတဲ့သူတွေဟာ လူနဲ့ပေါင်းသင်းဆက်ဆံရေးမှာအဆင်ပြေနိုင် သလိုလူတွေရဲ့ လေးစားမှုကိုလည်းရရှိမှာဖြစ်ပါတယ်။