မှန်ကန်တဲ့ ထိန်းသိမ်းမှု နည်းစနစ်က သင့်အဝတ်အစားတွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အများစုဟာ အဝတ်အစားတွေကို အခုပြောမယ့်နည်းတွေထဲက တစ်နည်းနည်းနဲ့ ပျက်စီးအောင် လုပ်နေမိတတ်ပါတယ်။

(၁) အညစ်ပတ်ဆုံးအဝတ်တွေ သီးသန့် မလျှော်မိခြင်း

Photo: Business Insider

Nebraska-Lincoln တက္ကသိုလ်ရဲ့အဆိုအရ သိပ်မညစ်ပတ်တဲ့ အဝတ်အစားတွေကို ပေရေညစ်ပတ်နေတဲ့ အဝတ်အစားတွေနဲ့ ခွဲလျှော်ခြင်းက အဝတ်အစားအရည်အသွေးကို တာရှည်ခံစေတယ်လို့ ဆိုပါတယ်။ ပေရေညစ်ပတ်နေတဲ့ အဝတ်အစားနဲ့ ရိုးရိုးလျှော်ရုံအဝတ်အစားနဲ့ အတူ ထည့်လျှော်ရင်တော့ အဝတ်အစားတွေ အရောင်စွန်းထင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။

(၂) ရေအပူနဲ့ လျှော်မိခြင်း

Photo: MSN

T-Shirt နဲ့ Jeans တွေကို လျှော်မယ်ဆိုရင် မြန်မြန်ပျက်စီးလွယ်ပါတယ်။ ဝါနဲ့ သိုးမွေးသားလို သဘာဝချည်ထည်တွေဟာ အပူနဲ့ ထိတွေ့မှု များရင် မြန်မြန် ဆိုဒ်ကြီးလွယ်ပြီး စုတ်ပြဲနိုင်စေပါတယ်။

(၃) မလျှော်ခင် ဇစ်မပိတ်မိခြင်း

Photo: Business Insider

အထူးသဖြင့် ဘောင်းဘီတွေမှာ ဇစ်မပိတ်မိဘဲ အဝတ်လျှော်စက်ထဲ ထည့်လိုက်ရင် တစ်ခြားအဝတ်အစားတွေနဲ့ ငြိပြီး စုတ်ပြဲစေနိုင်သလို အဝတ်လျှော်စက်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဘောင်းဘီဇစ်တွေကို အဝတ်လျှော်စက်ထဲ မထည့်ခင် ဇစ်ဆွဲပိတ်ထားဖို့ သတိရလိုက်ပါ။

(၄) ဆွယ်တာတွေကို ချိတ်နဲ့ ချိတ်ခြင်း

Photo: Business Insider

Sweater ထည်တွေကို ချိတ်နဲ့ချိတ်တာထက် ခေါက်ထားတာ အကောင်းဆုံးပါပဲ။ ဆွယ်တာတွေကို အင်္ကျီချိတ်နဲ့ ချိတ်ထားမယ်ဆိုရင် အဆမတန် ရှည်လျားပြီး ပုံပျက်သွားနိုင်ပါတယ်။

(၅) အဝတ်အစားမှာပါတဲ့ အညွှန်းအတိုင်း မလိုက်နာခြင်း

Photo: Business Insider

အဝတ်အစားတွေ သက်တမ်းကြာကြာခံဖို့နဲ့ အဝတ်အစား Label မှာ ပါတဲ့ အရုပ်စာအညွှန်းအတိုင်း လိုက်နာဖို့ လိုပါတယ်။ Label မှာ တစ်ချို့အဝတ်အစားတွေ မီးပူမထိုးဖို့ ၊ တစ်ချို့ကို လက်နဲ့ပဲ လျှော်ဖို့ ညွှန်းထားတာ ပါရှိပါတယ်။ သူညွှန်ကြားထားသလို လိုက်နာမယ်ဆိုရင် အဝတ်အစားတွေ ပုံစံလည်း အသစ်အတိုင်းရေရှည်ခံမှာ ဖြစ်ပါတယ်။