လူငယ်တစ်ယောက် ပိုင်ဆိုင်တဲ့ အဝတ်အစားတွေထဲမှာ Jean ဖက်ရှင်ဟာ ထိပ်ဆုံးက ရှိနေမှာပါ။ အတော်များများကတော့ တန်ဖိုးကြီး တီရှပ်သာ မဝတ်ဖူးရင် ရှိမယ်။ Jean Pant တစ်ထည်တော့ အနည်းဆုံး ရှိကြတာ များပါတယ်။ ဒီလို လူသုံးများတဲ့ ဖက်ရှင်ဖြစ်ပေမယ့် တစ်ချို့တွေဟာ Jeans ဝတ်ရင် အခုပြောတဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။

(၁) အပွကြီး‌တွေ ဝတ်ခြင်း

Photo: ashleyweston

တစ်ခါကတော့ Baggy Style ဂျင်းတွေဟာ လူငယ်တွေ အကြားမှာ ခေတ်စားခဲ့ဖူးပါတယ်။ ပိန်တဲ့ သူတွေ ဝတ်မယ်ဆိုရင် Baggy Jeans တွေကြောင့် လူဟာ အရိုးခြောက်စတိုင် Skinny ပုံပေါက်သွားတတ်ပါတယ်။ အခုတော့ ဒီလိုဂျင်းဘောင်းဘီအပွကြီးတွေ ဝတ်တဲ့ခေတ်လည်း ကုန်သွားပြီ ဖြစ်ပါတယ်။

(၂) အကျပ် ဝတ်ခြင်း

Photo: ashleyweston

အပေါ်က အချက်နဲ့ ဆန့်ကျင်ဘက်ပါ။ ကျပ်ထုတ်နေတဲ့ Jeans Pants တွေလည်း တစ်ခေတ် ဖြစ်ခဲ့ပါတယ်။ ခြေသလုံးအကပ်သား ပေါင်အကျပ်သားနဲ့ဆို လူငယ်ဆန်တယ်ဆိုပြီး ဝတ်ခဲ့ကြတာပါ။ Skinny Jeans တွေဟာ ဖက်ရှင်ကို ထိခိုက်စေရုံတင်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ ပြဿနာရှိတဲ့ အဝတ်အစားထဲမှာ ပါပါတယ်။

(၃) အပြဲဖက်ရှင်

Photo: ashleyweston

Ripped Jeans တွေကို ဒီနေ့ အသက် ၂၅ နှစ်ကျော်သူတွေရဲ့ ၉၅% လောက် ဝတ်ဖူးမယ် ထင်ပါတယ်။ အရင်ကလည်း Ripped Jeans တွေကို ဖက်ရှင်တစ်ခုလို ပွဲထုတ်ဝတ်ခဲ့သူတွေ ရှိခဲ့ပါတယ်။ တကယ်တော့ သင်သာ အသက် ၂၅ နှစ်ဆိုရင် Ripped Jeans တွေနဲ့ ဆက်ဆံရေး ဖြတ်တောက်ရမယ့် အချိန် ရောက်ပြီဆိုတာ ကိုယ့်ကိုယ်ကို သတိပေးသင့်ပါတယ်။

(၄) ရှည်လွန်းခြင်း

Photo: ashleyweston

Jeans Pant တင် မဟုတ်ပါဘူး။ ဘယ်လို ဘောင်းဘီပဲ ဝတ်ဝတ် ကိုယ်နဲ့ Right Size ဖြစ်နေရပါမယ်။ ဘောင်းဘီခြေဖျားတွေ ရှည်လွန်းလို့ ပြန်ခေါက်ထားရတယ်ဆိုရင် မှားပါတယ်။ ဘောင်းဘီရှည်တစ်ထည်ဟာ သင့်ဖနောင့်နဲ့ ခြေမျက်စိအကြားမှာ အရှည်ဆုံးထား ရှိသင့်ပါတယ်။

(၅) တင်ပါးနေရာ ပွခြင်း

Photo: ashleyweston

တစ်ချို့ဘောင်းဘီတွေက တင်ပါးနေရာမှာ အောက်ကို လျော့နေတတ်ပါတယ်။ တစ်ချို့ကလည်း ပုံကျကိုက မကောင်းတာပါ။ ဒီလို ဘောင်းဘီတွေ ဝယ်မိရင် ပြန်ပြင်ရတတ်ပါတယ်။ အကောင်းဆုံးက Jean Pant တစ်ထည်ကို မဝယ်ခင် ဝတ်ကြည့်ဖို့နဲ့ ဝတ်ချိန်မှာ စိတ်တိုင်းကျနေမှ ဝယ်ဖို့ပဲ ဖြစ်ပါတယ်။